အလေလာပြီးကေ အားပီးးကပ်ဖို့ရောက်လာကပ်တေ လေးဝတီ ရက္ခိုင် လူငယ်မောင်/မယ်များအား ကျေးဇူးအများကြီးတင်ပါရေ စိတ်ရှိတိုင်းကိုယ်ပါ လိုအင်ဆန္ဓနာန့် ပြည့်စုံနိုင်ကပ်ပါစီ
Wednesday, 6 August 2014
ရခိုင်အမျိုးသားတို့၏ ရိုးရာ လက်ထပ်မင်္ဂလာပွဲဓလေ့ထုံးစမ်း
ရခိုင်အပျိုလူပျိုတိုက အရွယ်ရောက်ကြလျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာပွဲပြုလုပ်တာရှိသလို အများအားဖြင့်မိဘတို့က အိမ်ထောင်ဘက်ကို ရွေးပေးကြတာများပါတယ်။ရခိုင်လူမျိုးသည် မိဘစကားကို နာခံတက်သူများ ဖြစ်သဖြင့်မိဘတို့၏အစီအမံကိုလက်ခံကြသည်။ သားသမီးများအချိန်တန် အရွယ်ရောက် လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများကရွေးချယ်ပေးသောအလေ့သည်ရခိုင်လူမျိုးတို့တွင် ယခုခေတ်ချိန်ထိတိုင်ရှိလေသည်။ ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သောရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် ဗမာတို့နှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်တယ်ဆိုတာ…
ရခိုင်ရိုးရာ သမက်တက်
ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူတစ်မူထူးခြားပါသည်။ သတို့ သမီးနှင့် သတို့သား လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကိုရခိုင်တွင် သမက်တက်ပွဲဟုခေါ်ပါသည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့် လည်းကောင်း၊လက်ထပ်ရန်သွားရသောကြောင့် လည်းကောင်း သမက်တက်အွဟြဟုခေါ်ရခြင်းဖြစ်၏။သံတွဲ၊ကျောက်ဖြူ ၊မာန်အောင် နှင့်အခြားသော ဒေသတို့တွင် အနည်းငယ်ကွဲလွဲချက်များရှိကြပါသည်။
သမီးတောင်းခြင်း
ပထမယောက်ျားလေးဘက်မှမိန်းမပျိုကိုကြိုက်လျှင်အရပ်မှအမျိုးသမီးကြီးမှတစ်ဆင့် ပြောကြားပြီး ရက်တည့် မတည့်ဇာတာများယှဉ်ပြီးစစ်ဆေးကြရသည်။ ထို့နောက်ကောင်းသောရက်ကိုရွေးချယ်ပြီးစေ့စပ်ကြောင်း
လမ်းခြင်းပြုလုပ်ကြသည်။
စေ့စပ်ကြောင်းလမ်းခြင်း မင်္ဂလာ (အသွင်းနှင်းခြင်း၊ပန်းဆင်ခြင်း)
စေ့စပ်ကြောင်းလမ်းမင်္ဂလာပွဲကိုသတိုးသမီး(သမီးရှင်)အိမ်တွင်ပြုလုပ်သည်။ရှေးဦးစွာသမီးရှင်ထိုင် ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင်အမျိုးသမီးအိမ်ထောင်သည်နှစ်ဦးထိုင်နေရပါသည်။ဆွေမျိုးများ နှင့်ဖိတ်ကြားထားသော ဧည့်သည်များကယင်းတို့၏ရှေ့တွင်နေရာယူထိုင်ကြရပါသည်။ထိုအချိန်တွင် သမီးရှင်ထွက်မလာရသေးပါ။ သတ်မှတ်ထားသောမင်္ဂလာအချိန်ကျရောက်သောအခါ သတိုးသား(သမက်ရှင်) ဘက်မှဆွေမျိုးပရိတ်သတ်များ လာရောက်ကြသည်။လာရောက်ကြသောအခါ သမီးရှင်ကိုဆင်မြန်းပေးရန်ပန်းများနှင့်စားစရာမုန့် အချိုများ၊ ကောက်ညှင်းပေါင်းများကိုငွေဖလားထဲ တွင်ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ယူလာကြရသည်။ မုန့်အချိုမှာနို့မလိုင်မုန့်၊ ဆံခွေမုန့်တို့ဖြစ် သည်။ ငွေဖလားအရေအတွက်မှာလည်း မဂဏန်းအရေတွက်တိုင်းကြိုက်သလိုအသုံးပြုနိုင်သည်။
သမီးရှင်သည်အမျိုးသမီးအရံတစ်ဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင်ထိုင်ရပါသည်။
ပန်းများ၊မုန့်များနှင့်အတူ သမက်ရှင်မိဘများထံမသမီးရှင်အားစေ့စပ်ကြောင်းလမ်းခြင်း
ရခိုင်အခ်ါကတိသစ္စာပြုခြင်းအထိမ်းအမှတ်)အဖြစ် သားရှင်ဘက်မှအမေ (သို့) အစ်မကမိန်းက လေးကိုကန်တော့ ကြီးဆံထုံး(ဘီးဆံထုံး)တွင်ပန်းဆင်ပေးရသည်။ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပေးပြီး အသွင်နှင်းခြင်းဆောင်ရွက်ရသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးရှင်ကို ပန်းပန်ပေးခြင်းများကို ၀တ်ဆင်ပေးသူကိုသမီးရှင်ကအရိုအသေပြု ကန်တော့ပြီးလျှင် စေ့စပ်မင်္ဂလာအောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နေ့ရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီးသတ်မှတ်ကြပါသည်။ ဆွေမျိုးပရိသတ်တို့ကိုမင်္ဂလာရက်ကြေညာပေးသည်။ ထို့နောက်ကြွရောက်လာသောနှစ်ဦးနှစ် ဘက်ဆွေမျိုးပရိသတ်တို့ကိုဧည့်ခံကျွေးမွေးရသည်။ စေ့စပ်ပွဲပြီး၍ သမက်ရှင် ဘက်မှပြန်ကျသောအခါ သမက်ရှင် ဘက်မှယူလာသောငွေဖလားထဲမှ မုန့်အချိုများကို သမီးရှင် ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးရှင် ဘက်မှလည်း မုန့်များကိုပြန်လည်ထည့်ပေးရပါသည်။
လက်ထပ်မင်္ဂလာပွဲ
လက်ထပ်မင်္ဂလာပွဲတွက်မင်္ဂလာပွဲတင်ကိုတစ်ရက်ကြိုတင်လုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂ လာပွဲတွက်ရှေးဦးစွာဆောင်ရွက်ရသောလုပ်ငန်းဖြစ်ပါသည်။ယင်းပွဲကို သမီးရှင် အိမ်၌သာပြုလုပ်ရ ပါသည်။
မင်္ဂလာပွဲနေ့ရောက်သောအခါ ယင်းနေ့နံနက်အရုဏ်ချိန်တွင် သမီးရှင်သမက်ရှင်တို့ အားမိမိတို့ အိမ်များမှာပင်မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအားမင်္ဂလာဆွမ်း ကပ်ပြီးမင်္ဂလာ ပရိတ်နာရပါသည်။ဘိုးဘွားလူကြီးမိဘတို့ကိုကန်တော့၊ မင်္ဂလာစကားကျွမ်းကျင်သူများက နံ့သာရည်တို့ ဖြင့် ပတ်ဖျန်းခြင်းတို့ပြုလုပ်ကာ မင်္ဂလာမြှောက်ကြသည်။ပရိတ်နာရာတွင် ပရိတ်ကြီးမှာလက်ထက်ပွဲအတွက် အဓိကအရေးကြီးဆုံးအချက်ဖြစ်သည်။ရှေးဦးစွာ မင်္ဂလာစားပွဲငယ်ကိုပြင်ဆင်ရပါသည်။ယင်းစားပွဲတွင်ပါ
ဝင်ရမည့် အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပြင်ဆင်ခြင်း
- သီးသန့်ပြုလုပ်ထားသောမင်္ဂလာစားပွဲကိုစားပွဲခင်းခင်း၍အပေါ်တွင်စပါးခင်းထားသည်။
- ဖြန့်ကြဲထားသောစပါးပေါ်တွင်ဘဲဥပုံမင်္ဂလာကြွေလင်ပန်းကြီးတွင်ကောက်ညှင်းနှင့်ထမင်းများ
ထည့်၍ တင်ထားရမည်။
- ယင်းထမင်းပေါ်တွင် ချက်ပြီးသာ်းခြေလက်အမွေးစုံသောပုစွန်တုပ်ကြီးနှစ်ကောင်၊အမွေးစုံအကြေးခွံပါသော ငါးကန်သားနှစ်ကောင် ၊ဘဲဥနှစ်လုံး ၊မျောက်ဥ ခေါ် ကန်စွန်းဥနှစ်ဥ နှင့် အခွံခွာပြီးသော ရခိုင်ငှက်ပျောသီး နှစ်လုံးတို့ဖြင့်ပြင်ဆင်ထားရသည်။ငါး၊ပုစွန်၊ဥ၊သီးနှံစပါးပေါကြွယ်စေရန်အတိတ်နမိတ်ယူထားခြင်းဖြစ်ပါသည်။
စပါးများထဲတွင်ရွှေဒင်္ဂါး၊ငွေဒင်္ဂါးများမြှပ်နှံထားကြသည်။ရွှေငွေပွားများအောင် ရည်၇ွယ်ခြင်းဖြစ်ပါသည်။
- သမီးရှင်ထိုင်သောနေရာလက်ယာဘက်တွင်ရေစင်အိုးဟုခေါ်သောကြေးအိုးငယ်နှစ်လုံးတင်ထားရပါသည်။ ကြေးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ချည်ဖြင့်ပတ်ပေးထားရသည်။
- ကြေးအိုး၌ရေထည့်ထားပြီး မြေဇာရွက်၊သပြေပန်း၊အချိန်ခါကောင်း သတ်မှတ်သောစာရွက်(အခါစာ)တို့ ကိုထိုးရပါမည်။
- ထမင်းပန်းကန်၏လက်ဝဲဘက်တွင် ဟင်းပန်းကန် ၅လုံးတင်ပြီးယင်းပန်းကန်အသီးသီးတွင်ကြက်တစ်ကောင်လုံး အူအသည်းစုံစွာ ငရုတ်သီးမပါ ၀င်ဘဲချက်ထည့်ရပါမည်။ ပုစွန်ထုပ်ကိုအကောင်မပျက်လှော်ထည့်ရပါမည်။
- ရွှေဖရုံသီးချက်ထည့်ရပါမည်။ကျန်ပန်းကန်နှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲထည့်ရပါမည်။(ကြက် နှစ်ပန်းကန်၊ ပုစွန်နှစ်ပန်းကန်၊ရွှေဖရုံသီးတစ်ပန်းကန်ဖြစ်သည်။) မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြေးရှိသောငါး) ၊ကြက်သား၊ဘဲဥ၊ပုစွန်၊ မြောက်ဥ (ကန်စွန်းဥ)၊ချဉ်ပေါင်ဟင်းများထည့် ထားသည့် ဟင်းပန်းကန်ကတစ်ဖက်ထားရှိပါသည်။ ပုစွန်ဆိုလျှင် နှုတ်ခမ်းမွှေးပင်မပြတ်စေရ။ အကျိုးအပဲ့ အနာအဆာများမပါစေရန် အထူးဂရုပြုရ၏။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နေရာတွင်ထားရှိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ကြသည်။
(အညွှန့်ရှိသော်အမျိုးသမီးက သမက်ရှင်အိမ်မှဆန်နို့ဆီဗူး နှစ်ဗူး၊လေးဗူး၊ခြောက်ဘူး စသဖြင့်စုံဂဏန်းကို သမီးရှင်အိမ်သို့သွားပို့ သမီးရှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ရှိသော်အမျိုးသမီး ကသာမင်္ဂလာ လက်ဆုံထမင်းပွဲအတွက်ချက်ရသည်။ အညွှန့်ရှိသော်အမျိုးသမီးဆိုသည်မှာလူပျိုအပျိုလက်ထပ်ကြပြီး ယခုတိုင်မောင်နှံစုံအတူတကွနေထိုင်၍သားသမီးတစ်ဦးတစ်လေမှပျက်စီးခြင်းမရှိသော
အိမ်ထောင်ရှင်မကိုဆိုလိုသည်။)
အထက်ပါ မင်္ဂလာပွဲပြင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမီပြင်ဆင်ထားရပါသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာဘုန်းကြီးများ ရှေ့တွင်တည်ရှိနေရပါမည်။ ယင်းမင်္ဂလာစားပွဲရှေ့ တွင်သမီးရှင်က အမျိုးသမီးနှစ်ဦးလက် ၀ဲလက်ယာရံ၍ထိုင်ရပါမည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးရှင်မွေးရက်နှင့် နေ့နံသင့်တော်သူများသာဖြစ်ရပါမည်။ ရှေးဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့်စည်းဝိုင်းချရပါသည်။
သမီးစောင့်ခြင်း
သမက်တက်သည့်နေ့နံနက်ကိုးနာရီခန့်တွင် သမီးရှင်နှင့်ရင်းနှီးသောမိတ်ဆွေမိန်းကလေးများ ဆွေမျိုးများကို ထမင်းကျွေးမွေးကြသည်။သမီးရှင်မှာအလှပဆုံးဝတ်စားခြယ်လှယ်ကာ နေ့သင့်နံသင့် အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျက်မင်္ဂလာဆောင်မည့်နေရာတွင် ထိုင်၍ဧည့်ခံရသည်။
သမက်တက်ခြင်း
သမက်ရှင်ဘက်မှ သမီးရှင်ဘက်သို့သွားကြသောအခါ သမက်ရှင်အဖေ၊အဘိုးဆွေမျိုးများ အမျိုးသားကြီးများ ကရှေ့မှဦးဆောင်လာကြပြီးအမေ၊အဘွားအမျိုးသမီးကြီးများကနောက် လိုက်ကြရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်အမျိုးသမီးများကတစ်ယောက်ချင်းတန်းစီ၍လျှောက်လာ ကြရသည်။ အုပ်ထမ်းသူများမှာ မိန်းမချောမိန်းမလှလေးများဖြစ်ကြသည်။ရှေ့ဆုံးမှအညွန့်ပန်းအုပ်ကိုသမက်ရှင်၏အစ်မ၊သို့ မဟုတ်ဆွေမျိုးရင်းချာထဲက ထမ်းရသည်။နောက်အုပ်များတွင်မုန့်အမျိုးမျိုး၊ငှက်ပျောသီးများထည့်ကာထမ်းလာကြသည်။ အုပ်ထမ်းသူများအတွက် လက်ဆောင်အဖြစ် ပ၀ါပိုင်းများကိုအုပ်များတွင်ချည်နှောင်ထားရှိကြသည်။ အုပ်များကိုသမက်ရှင်တက်နိုင်သည့်အလျောက် ၇အုပ်၉အုပ်ထားရှိကြသည်။
အုပ်ထမ်းသူများ၏နောက်နားတွင် သမက်ရှင်အဖွဲ့ပါလာကြသည်။သမက်ရှင်၏ဦးသျှောင်နှင့် ရေစင်အိုးကိုရှေ့ကသယ်ယူလာကြပြီး သမက်ရှင်မှာခေါင်းပေါင်း၊တောင်ရှည်ပုဆိုး၊ လည်တောင်အင်္ကျီ၊ ရင်ဖုံးတိုက်ပုံကိုဝတ်ဆင်ကာဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်ဆောင်သူများခြံရံလျက် လိုက်ပါလာပါသည်။ ၄င်းတို့၏နောက်တွင်သမက်ရှင်၏အပေါင်းအဖော်များမှာ သေတ္တာနှင့်အိပ်ရာလိပ်တို့ကိုသယ်ဆောင်လာပြီး ဗုံ၊လင်ကွင်း၊ပုလွေ တီးမှုတ်သူများနှင့်တပျော်တပါးလိုက်ပါလာကြပါသည်။
သမီးရှင်အိမ်ရောက်သည့်အခါသမီးရှင်မိဘဆွေမျိုးများကဆီးကြို၍ ဧည့်ခံရင်းနေရာထိုင်ခင်းများပေးကြသည်။ ရှေးဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပေးရန်သမီးရှင်နားနေရာယူရသည်။ ကျန်အုပ်များကိုသမီးရှင်အိမ်မှ လက်ခံယူ၍နေရာချထားကြသည်။သမက်ရှင်ဘက်မှသယ်ဆောင်လာသောမင်္ဂလာရေစင်အိုးကိုလည်းမင်္ဂလာစားပွဲ
ပေါ်တွင်သမီးရှင်၏ရေစင်အိုးနှင့်အတူထားရှိရသည်။အညွန့်အုပ်ထမ်း လာသူကသမက်ရှင်၏အစ်မဆွေမျိုးများက သမီးရှင်ကိုပန်းဆင်ပေးရသည်။ အညွန့်အုပ်တွင်ရာသီအလိုက် ပန်းများပါလာကြသည်။
ဥပမာ-
>>နှင်းပန်း နှင်းကဲ့သို့အေးစေရန်
>>နှင်းဆီပန်း နှင်း၏အဆီအနှစ်ကဲ့သို့အေးချမ်းစေရန်
>>သဇင်ပန်း သန့်စင်ရန်
>>အချစ်တစ်ရာပန်း အချစ်တစ်ရာတိုင်ကြစေရန်
(အ၀ါရောင်ကုလားမင်္ဂလာပန်း)
>>စံပန်းကုံး စံရရန်
ပန်းများပန်းကုံးများကိုတစ်စုံစီအညွန့်အုပ်တွင်ထည့်လာရသည်။ ပန်းဆင်ပေးသူက ပန်းများကိုတစ်စုံစီငါးစုံဆင်မြန်းပေးရသည်။ ဆံထုံးထဲတွင်လဲပန်းကုံးများထည့်၍ပန်းပေးရသည်။ ထို့နောက်သမီးရှင်ကိုဦးသျှောင်ဆောင်းပေးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးရှင်ကိုပန်းဆင်ပြီးနောက်သမက်ရှင်ကိုအိမ်ထဲသို့ဝင်စေသည်။ အ၀င်တွင်သမီးရှင်၏ ညီမအပျိုကခြေဆေး၍ငွေတောင်းခံသည်။ လူပျိုရံများကဈေးဆစ်ကြခြင်းဖြင့်အချေအတင်ပြောဆိုကြသည်။ လူပျိုရံ၊အပျိုရံများတစေ့တစောင်းပြောဆိုကြသဖြင့် ပျော်စရာကောင်းသောအချိန် ဖြစ်ပေသည်။ အိမ်ပေါ်ေ၇ာက်သောအခါသမက်ရှင်ကိုရေတစ်ခွက်တိုက်ရသည်။
ထို့နောက်သမက်ရှင်ကိုသမီးရှင်၏ညဘက်တွင်နေရာယူစေပြီးဦးသျှောင်ဆောင်းပေးရသည်။ ထိမ်းများပေးသူများက မင်္ဂလာစားပွဲပေါ်ရှိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ရေစင်အိုးများကိုလည်းကောင်း၇ပတ်၊၉ပတ်ပတ်ထားသော
ပရိတ်ချည်မျှင်ကွင်းများဖြင့်တစ်မျိုးတစ်စုံစီကျစီရစ်ပတ်ပေးရသည်။ထို့နောက်မောင်နှံအစုံ အပါအ၀င်၊မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊သေတ္တာများ အားလုံးကိုပရိတ်ချည်မျှင်ဖြင့်ရစ်ပတ်ပေးရသည်။
ထို့နောက်သမတ်ရှင်၏ညာလက်နှင့်သမီး ရှင်၏ညာလက်ကိုပေါင်း၍ချည်မျှင်များဖြင့်ရစ်ပတ်ပေးရသည်။လက်ထပ်ပေးသည့် အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြေခက်ဖြင့် ရေစင်အိုးနှစ်စုံမှပေါင်းစပ်ထားသော ရေစင်များပက်ဖျန်းကာဆုတောင်းမေတ္တာပို့ပေးကြသည်။ ဆက်လက်၍သမတ်ရှင်နှင့်သမီးရှင်လက်များကိုပေါင်းပြီး ရေစင်များသွန်းလောင်းကြပါသည်။ သမီးရှင်လက်ကို အောက်တွင်ထားပြီး သမက်ရှင်လက်ကိုအပေါ်မှထားကြသည်။ အချို့မှာသမက်ရှင်လက်ကိုအောက်ကလှန်ထားပြီး သမီးရှင်လက်ကိုအပေါ်ကမှောက်ထားသည်။ အဓိပါယ်မှာ-- သမက်ရှင်ကသမီးရှင်ကိုညာလက် ဖြင့်တောင်းခြင်းကို သမီးရှင်ကညာလက်ဖြင့်လက်ခံခြင်း၊ သမက်ရှင်က သမီးရှင်ကိုတစ်သက်လုံးစောင့်ရှောက် ထောက်ပံတာဝန်ယူသွားမည်ဟူသော သဘောကိုဆောင်ပါသည်။
မိဘများကို ကန်တော့ခြင်း
သမီးရှင်ရှေ့တွင်သမက်ရှင်ဖခင်၊သမက်ရှင်ရှေ့တွင်သမီးရှင်ဖခင်တို့ကနေရာယူရပါသည်။ သမီးရှင်သမက်ရှင်တို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်း ထည့်ပေးခြင်း၊ မိခင်များအားလည်း ထမင်းထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့် ပေးခြင်းသည်မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
လက်ဆုံစားခြင်း
မိဘများကိုကန်တော့ပြီးနောက်မောင်နှံစုံက မင်္ဂလာထမင်းကိုခုနှစ်ဆုပ်စီလက်ဆုံစားကြသည်။ စားသောက်ပြီးငွေဖလားတွင်အတူလက်ဆေးကြရသည်။
လက်ဖွဲ့ခြင်း
ထမင်း လက်ဆုံစားပြီးနောက်မိဘဆွေမျိုးမိတ်ဆွေများက သမီးရှင်သမက်ရှင်ရှေ့ရှိငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ကြပါသည်။ လက်ဖွဲ့ခံပြီး သောဖလားကိုသမက်ရှင်က သမီးရှင်ကိုအပ်ရပ်သည်။ သမီးရှင်ကကန့်တော့၍လက်ခံယူရပါသည်။
သျှောင်ချသျှောင်တင်
သမက်ရှင်ကမိမိဦးသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထား ပြီးလျှင်သမီးသျှင်၏ဦးသျှောင်ကိုချွတ်ယူကာ မိမိ၏ဦးသျှောင်ကိုဆောင်းပေးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ်သမီးရှင်ကသမက်ရှင်ကိုရှိခိုးနေရပါသည်။
သျှောင်တင်သျှောင်ခအဖြစ် သမက်ရှင်ကသမီးရှင်ကိုငွေလက်ဖွဲ့သဖြင့်သမီးရှင်ကန်တော့ပြီးလက်ခံရယူရသည်။
မ၈င်္လာအခမ်းအနားပွဲအပြီးတွင်ထွက်ခွာခွင့်ရရန်သမက်ရှင်က သမီးရှင်ဘက်မှအပျိုရံလူပျိုရံတို့က ရွှေကြိုတား၍ကြိုးတားခပေးရသည်။နောက်ဆုံးခန်းဝင်ခပေးဆောင်ရသည်။
အိမ်ပြန်လည်ခြင်း
သမက်တက်ပြီး၇ရက်နေ့တွင်သမီးရှင်သမက်ရှင်တို့သည်သမက်ရှင်၏မိဘအိမ်သို့နံနက်မှစ၍လည်ကြရသည်။သမက်ရှင်၏မိဘ၊ဘိုးဘွားများကိုသမီးရှင်သမက်ရှင်တို့ကကန်တော့ရသည်။ညနေစာစား ပြီးမှပြန်ကြသည်။သည်လိုနှင့်ပင် ကြင်စဦးဇနီးမောင်နှံတို့သည် အိုးအိမ်တည်ဆောက်ကာတလင်တမယားစနစ်ဖြင့်နေထိုင်ကြတော့သည်။
ရခိုင်လူမျိုးတို့သည်မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင်ရှောင်လေ့ ရှိပြီးတပေါင်း၊ တန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်ကြသည်။ ပြာသိုလတွင်မင်္ဂလာဆောင်ကအိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု ယူဆကြသည်။ ရခိုင် ဓလေ့ထုံးတမ်းစဉ်လာအရမင်္ဂလာပွဲနှင့်ပတ်သက်၍လိုက်နာရမည့်စည်းကမ်းချက်များစွာ
ရှိလေသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကို အတိအကျပြုလုပ်ကြသဖြင့်လက်ထပ်ပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့်ရှေးရိုးရာမပျက်ချစ်စရာမြတ်နိုးစရာ အသွင်များဆောင်နေပါသည်။ ရခိုင်လူမျိုးတို့၏ ချစ်စရာကောင်းသောဓလေ့၊တစ်မူထူးခြား သောမင်္ဂလာအယူအဆများဖြင့်ပြည့်လျှံနေကြောင်းတွေ့ရပါသည်။
..........................
ကျမ်းကိုးကားစာအုပ်များ -
--သားချင်းတို့အကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
- ပြည်ထောင်စုသားတို့၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ (တက္ကသိုလ်သျှင်သီရိ)
- မြတ်ပန်းသဇင်ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၂၀၀၇ ထုတ်
Tuesday, 5 August 2014
စန္ဒသူရိယမင်း ပင့်ဖိတ်၍ မြတ်စွာဗုဒ္ဓ ရခိုင်ပြည်သို့ ကြွလာခြင်း (အပိုင်း-၁)
တတိယဓည၀တီမြို့တော်စံ ဘုရင်စန္ဒသူရိယမင်းသည် တနေ့သောအခါ ဥယျာဉ်တော် မင်္ဂလာတော်၌ စံမြန်းနေချိန်မှာ မဇ္ဈိမဒေသ ရာဇဂြိုဟ်မှ ကုန်သည်သုံးဦးတို့သည် ဘုရင်မင်းမြတ်ထံ အခစား အဖူးဘဏ္ဍာ ဆက်သကြရန် ဥယျာဉ်တော်သို့ ဖူးမြော် လာရောက်ကြလေသည်။
 ရခိုင်ဘုရင် စန္ဒသူရိ မင်းတရားကြီးအား မြတ်စွာဘုရား တရားဒေသနာ ချီးမြှောက်နေပုံ
ဘုရင်မင်းမြတ်ကလည်း တစ်ပြည်ရပ်သားခြားများအားလှစ်လှဲပျူငှါစွာ နှုတ်ခွန်းဆက်သကာ မိန့်ကြားလေသည်။ “သင်တို့၏တိုင်းပြည်နိုင်ငံ၌ ထင်ရှားသော ပညာရှိများ ရှိပါသလော” ဟုမိန်းမြန်းတော်မူလေရာ ထိုကုန်သည်သုံးဦးတို့က ဤလောကကြီး၌ တုဘက်ကင်းသော ပညာရှိ အထွဋ်အမြတ် ပေါ်ထွန်းလျက်ရှိပါသည်ဘုရား၊ ထိုပညာရှိအကြောင်းကို လျှောက်ထားရမည် ဆိုပါသော် ချက်ချင်းမလျှောက်ကြားနိုင်ပါ၊ ခန္ဓာကိုယ်အား ကိုယ်လက်သုတ်သင်စေပြီး အာခံတွင်းတို့အား
ရေဖြင့်ဆေးကြောလျက် ပလုတ်ကျင်းပြီးမှသာ လျှာက်ထားနိုင်ပါမည်ဟု လျှာက်တင်ကြလေသော်..
ဘုရင်မင်းမြတ်ကလည်း ရွှေကရားရှိရေဖြင့် သန့်ရှင်းစေပြီးသော် လျှာက်တင်စေသည်။
ထိုအခါ ကုန်သည်သုံးဦးတို့၏အကြီးအမှူးဖြစ်သူက ဘုရင်မင်းမြတ်အား လျှောက်လေသည်မှာ…
“အနောက်မဇ္ဈိမဒေသ ရာဇဂြိုဟ်ပြည်၌ ယခုအခါ သုံးလောကထွဋ်ထား သယမ္ဘူအစစ် သဗ္ဗညုတ
ရွှေဥာဏ်တော်ရသော ဗုဒ္ဓ ဂေါတမ ဘုရားမြတ်စွသည် ပေါ်လျက်ရှိုပါသည်ဘုရား” ဟု
လျှောက်ထားလေသော် ဘုရားတည်ဟူသော အသံကိုကြားလိုက်ရသဖြင့် ပီတိသောမနဿဖြစ်ကာ
မေ့မောသွားသည်။ ခဏကြာခါမှ သတိပြန်ရကာ ပြန်လျှောက်ထားရန် မိန့်ကြားတော်မူ၏။
“အရှင်ဘုရား ထိုဘုရားသခင်သည် တရားမိန့်ကြား ဟောပြောသောအသံတို့မှာ ကရ၀ိက်ငှက်သံကဲ့သို့ ချိုသာပြီး သတ္တ၀ါတို့အား ချက်ချင်းအသိတရားရစေလျက် ၊ ဓမ္မတရားတော် နာခံရသူမှန်သမျှ များစွာကုန်သော လူ နတ် ဗြဟ္မာ ကျွတ်တမ်းဝင်ကြပါသည်။ ဗုဒ္ဓစကား နားထောင်ပြီးသော် သာသနာ့ဘောင်သို့ဝင်ကာ တရားအားထုတ်ကြကုန်သော ရဟန်းသံဃာတို့သည် ပေါ်ထွန်းလျက်ရှိပါသည်။ ကျွန်တော်မျိုးတို့ ရာဇဂြိုဟ်ပြည်မှာ နေ လ ပမာ ထွန်းတောက်သော ဘုရား၊ တရား ၊ သံဃာ တော်များ
ပေါ်ပေါက်ထွန်းကားလျက် ရှိပါကြောင်း လျှောက်ထားအပ်ပါသည် ဘုရား” ဟုလျှောက်တင်ကြလေသည်။
စန္ဒသူရိယ ဘုရင် မင်းမြတ်သည် အလွန်ပင် ၀မ်းမြောက်လေရကား ကုန်သည်ကြီး သုံးဦီးတို့အား ဆုငွေအဖြစ် တစ်ဦးလျှင် သုံးသိန်းကျစီ ပေးလိုက်ပြီးသော် သူတို့၏ပါလာသော ကုန်ပစ္စည်းများအပေါ် အခွန်ဘဏ္ဍာငွေ ကင်းလွတ်စေလျက် ချီးမြှင့်တော်မူလေသည်။
  မြတ်စွာဘုရားသျှင်ဆင်းသက်ရပ်တန့်တော်မူခဲ့သော ကျောက်တော်တောင်
စန္ဒသူရိယ ဘုရင်သည် နန်းတော် ညီလာခံသို့ဝင်ကာ များစွာကုန်သော
 မှူးမတ်သေနာပတိတို့အား ခေါ်ယူလျက် ညီလာခံသဘင် ကျင်းပကာ ဗုဒ္ဓမြတ်စွာ ဘုရားအား ရခိုင်သို့ ပင့်ဆောင်ရအောင် အထူးတိုင်ပင်ဆွေးနွေး မိန်းမြန်းတော်မူလိုက်သည်။
အကြီးဆုံးဖြစ်သော နရပတိ ၀င်စားအမတ်ကြီးအား မိန်းမြန်းလိုက်သော် ဘိုးတော်ဖြစ်သော နရပတိက “ဘုရားဟူသည်ကား မရှိချေ ဘယ်မှာ ဖူးမြင်ရပါအံ့နည်း” ဟု လျှောက်ထားလိုက်သော် ဘုရင်မင်းမြတ်သည် အမျက်ဒေါသထွက်ပြီး ဘိုးတော် နရပတိအား နန်းမှထွက်စေကာ တောသို့နှင်ထုတ်တော်မူလိုက်သည်။
ဘိုးတော်အားတောသို့နှင်မထုတ်သင့်ကြောင်းမိဖုရားခေါင်းကြီးကလျှောက်ထားလိုက်သော် မိဖုရားခေါင်းကြီးအားလည်း တောသို့နှင်ထုတ်လိုက်၏။ မိဖုရားကြီးအား နှင်မထုတ်သင့်ဟု ပုဏ္ဏားကြီးက
လျှောက်ထားလိုက်ရ ပုဏ္ဏားကြီးအားလည်း တောသို့နှင်ထုတ်လိုက်လေ၏။
တစ်ဖြည်းဖြည်း  နန်းတော်တစ်ခုလုံးရှိ များစွာသော လူတို့အား တောသို့နှင်ထုတ်တော်မူမှုကို မြင်သော (ဗရုကိစ္ဆ) ကျွန်းသုံးကျွန်းအပိုင်စားခံရသောပညာရှိ ဒေ၀ကျော်ဝိမလအမတ်သည် ဥပ္ပရဒေ၀ီမင်းသမီးနှင့် တိုင်ပင်ဆွေးနွေးကာ ဘုရင်မင်းမြတ်အား အောက်ပါအတိုင်း လျှောက်ထားလိုက်လေသည်။
“ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အရှင်မင်းကြီး ဗုဒ္ဓ ဘုရားဆိုသည်မျာ ဤလောက၌ ပြိုင်ဘက်တုကင်း တန်းခိုးတော်အနန္တနှင့် ပြည့်စုံပြီး သဗ္ဗညုတ အလုံးစုံသော ဥာဏ်တော်နှင့်
ပြည့်စုံတော်မူသည်ဖြစ်၍ အရှင်မင်းမြတ် ဖူးမြော် ပင့်ဖိတ်လိုပါက နန်းတော်နားရှိ သီရိဂုတ် ကုန်းမြီ၌ ပြဿာဒ်ဆောင် အသစ် တည်ဆောက်ကာ အုန်း နှပျိုး(ငှက်ပျိုး) တရားပွဲနှင့် ဆီမီး ပန်းခိုင် အစုံအလင်ဖြင့် စီမံကာ ဘုရားရှင်၏ အရံသံဃာတော်များနေထိုင်မည့် နေရာတစ်ဖက်တစ်ချက် စီမံပြီးသော် အရှင်မင်းမြတ်ကိုယ်တိုင် အနောက်မဇ္ဈိမအရပ် ဘုရားရှင် ရှိရာသို့ လက်စုံမိုး ရှိခိုးလျက် မနောအဓိဋ္ဌာန်ဖြင့် ရခိုင်ပြည်သို့ကြွလာပါရန် ပင့်ဖိတ်တော်မူပါက ဗုဒ္ဓရှင်တော် အမှန်ဧကန် သိတော်မူပြီး မကြာလျင်ပင် ကြွတော်မူလာပါလိမ့မည် ဘုရား ဟု “ လျှောက်တင်လိုက်လေသည်။
စန္ဒသူရိယမင်းကြီးလည်း များစွာ ၀မ်းမြောက်ကုန်လျက် ပညာရှိ အမတ်ကြီး ဒေ၀ကျော် ၀ိမလ အမတ်ကြီး အကြံချက်အတိုင်းစီမံလိုက်ပြီး ဘုရားရှင်အားရိုသေကိုင်းညွှတ် သဒ္ဓါပြင်းပြစွာ ပင့်လျှောက်တော်မူလေသည်။
 မူးကြီးမတ်ရာနန်းသူ နန်းသား အပေါင်းလည်း ပြဿာဒ်ဆောင်သစ်မှာ ဘုရားရှင်အားပင့်ဖိလျက် ရှိးခိုးကော်ရော် ပူဇော်သမူ ပြုကြလေတော့သည်။
.................
ကိုးကားချက်
ဦးအောင်ဇေယျ (ဓည၀တီ)
ရခိုင်မင်းဆက်များနှင့် ဗုဒ္ဓသာသနာတော် စာအုပ်မှ
ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ
ရခိုင်ပြည်ရဲ့ ရမ်းဗြဲကျွန်း ကျောက်ဖြူမြို့နယ်ရဲ့ ကျေးလက်မြင်ကွင်းဟာ တကယ့်ကို မပြုမပြင် ပင်ကိုယ်သဘာဝအတိုင်း ပကတိလှပလို့နေကြတယ်။ မပြောင်းပါ၊ မလွဲပါ။
ဘယ်မှာ ဘယ်ကိုကြည့်ကြည့် အလှချည့်ရယ်သာ။ တကယ်ပါပဲလေ….
ဒါထက် ထူးခြားတာက ကျေးလက်သဘာဝ တေးကဗျာက ရမ်းဗြဲကျွန်းရဲ့အလှကို လှသထက်လှအောင် ဂုဏ်ဆောင်မွမ်းမံလို့ထားပြန်တယ်။
ကဗျာတေးတွေဝေဆာထွန်းကား စကားကြွယ်တတ်ကြတဲ့ ရမ်းဗြဲသူ ရမ်းဗြဲသားတွေ ဘဝ ခရီးလမ်းတစ်ကွေ့မှာပဲ ဆိုပါတော့၊ ယောက်ျားပျိုတစ်ယောက်က မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရုံမျှနဲ့ ရုတ်တစ်ရက်ပဲ နှုတ်ကခွန်းဟ လှစ်ခြွေ၊ တေးကဗျာစေညွှန်းလိုက်တာပဲ ဖြစ်ပါတယ်။ 
·         မောင်မယ်သီတာ ချစ်ခွန်းတေးသီဖွဲ့ကဗျာ
ကျားဆို-
တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တစ်ရွာနိန် တစ်ပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား.......ပုချေ။
အဓိပ္ပါယ်မှာ- တစ်ခွန်းခေါ်လို့လည်း ပြန်လည် ခွန်းတုံ့မပြန်ပါလားနှစ်ခွန်းခေါ်လို့လည်း ခွန်းတုံ့မပြန်ပါလားကွယ်တစ်ရွာတစ်ရပ် တစ်ပြည်သား တစ်ယောက်မို့.. (မတူမတန်မို့) စိတ်ခြားလို့လား
(တကယ့်ကို) မချစ်နှစ်သက်တဲ့အပြင် လုံးဝကိုပဲ အဖက်တောင်မှ မလုပ်ပါလားကွယ်.. ချစ်သည်းရယ်။
ယောက်ျားပျိုဖြစ်သူ တစ်ရွာသားက ရိုးရိုးသားသား မိတ်မဖွဲ့ပါပဲ စကားချိတ် စကားစနဲ့ ချစ်စဖွယ်ကောင်းတဲ့ အကြောင်းလေးပါ ပါဖြစ်အောင် ဆိုဖွဲ့လိုက်တယ်လေ။
ဒီတော့ မိန်းမပျိုကလည်း ဘယ်ခေလိမ့်မလဲလေ၊ ရမ်းဗြဲသူပဲလေ၊ တေးကဗျာလေးနဲ့ ပြန်စေလိုက်တယ်ပေါ့။
မဆို-
ဇာဂလာကေ
ဇာရွာရေသား -ရောင်
စကားအရာ..
ပျားသကာ..
ချိုပါရေကား..
ပျိုသက်ထားလေ...။
အဓိပ္ပါယ်မှာ-အဘယ်ရွာအရပ်က လာသလဲကွယ်.. အဘယ်ရွာသားများ ပါလိမ့်ကွယ်..
သူ့ရဲ့ဆိုစကားလေးတွေက များသကာတမျှရယ်နားဝမှာ ချိုလှလေသလား.. ပျိုသက်ထားရယ်..
ခုနက စတင်ခွန်းဆိုလိုက်တဲ့ ရွာသားယောက်ျားပျိုကို တစ်ရွာသူ မိန်းမပျိုက တေးကဗျာမွန် သံသာတေးနဲ့ ချက်ချင်းပဲ တုံ့ပြန်ကာ နှုတ်ချွေခွန်းတေး ဟစ်ကြွေးလိုက်ပြန်တယ်။
တစ်နယ်က ရွာသားလိုပဲ ရိုးရိုးသားသား ဆိုစကားရယ်သက်သက် မဟုတ်ပါ၊ အစောင်းအချိတ် ခရာတာတာ ငေါ့တော့တော့ မထိတထိနဲ့ ပြန်ထေ့ပါတယ်။
ကျားဆို-
မောင့်လက်ကို ကိုင်လေ
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရိုက်ယောင်
ရိုက်ပစ်ကတ်မေ ပုချေ...။
အဓိပ္ပါယမှာ- မေက မောင်ရဲ့လက်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ဆွဲပြီး၊ မောင်ကလည်း မေ့လက်ကို ပိုင်ပိုင်နိုင်နိုင် တွဲပြီးတော့ပေါ့လေ….(ဥပမာ) ငွေအဆင်းရှိတဲ့ မေဆိုတဲ့ အပင်ပျိုဆီမှာ ရွှေအဆင်းရှိတဲ့ မောင်ရဲ့ အပင်ပျိုယှက်နွယ်ရစ်ပတ်ကာ ပနံရစေဖို့ တို့တွေ ရစ်ပတ်တွယ်တာ နေလိုက်ကြမယ်ချစ်သည်းရယ်
တစ်ရွာသားယောက်ျားပျိုကရယ်၊ စကားအရာ အလင်္ကာတွေကြွယ်လှတယ်သူနဲ့ပျုမေတိုနှစ်ယောက် ဘဝကိုနှစ်ကိုယ်တစ်စိတ် ချစ်သူဘဝနှယ် တင်စားကာရယ်၊ ဘယ်သို့ ဘယ့်နှယ် ချစ်ချင်ဖွယ် နေလိုက်ချင်ကြောင်း ကဗျာတွေ စာစေညွှန်းချက်က သင်းလှတယ်။
ဒီတော့ တစ်ရွာသူ လှပျိုမေလဲလေ.. မခေသူ ပီပီရယ်.. တုံ့ပြန်ခွန်းတေး ကဗျာနှင့် ချက်ချင်းပဲသီကာ ညွှန်းရပြန်ပါတယ်။
မဆို-
မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မေတ္တာရိုက်လို့
အချစ်စွဲကာ ကြားကလူတိ
အောင်သူဖျက်လို့ ဖျက်ရဖို့လား ပုချေ....။
အဓိပ္ပါယ်မှာ-(သူ့ကို) မျက်စိနဲ့စတင်မြင်ကတည်းကပဲ၊ ရင်ထဲကပါ ရင်နာနှစ်သက်ရုံမက စိတ်နှလုံးထဲကပါ ချစ်လာနေရလေတယ်ကွယ်ခုတော့ ချစ်သည်းမောင့်ကိုသည်းမေ့မှာရယ် မေတ္တာနွယ်ဓာတ်ရစ်ပတ်လို့အချစ်ဓာတ်လည်း စွဲမြဲနေပြီကွယ်
ဒါပေမယ့်.. မကောင်းဆိုးရွားကြား အဖျက်လူတွေနဲ့ (ချစ်သည်းမောင်ရဲ့ ကိုယ့်ရွာက ချစ်သူရဲ့ အောင်သူ(သွယ်)တွေ ဝင်ဖျက်လို့ မေ့ကိုချစ်တာများ ပျက်ပြယ်သွားရမှာကိုရယ် စိုးကြောက်တယ်ကွယ် ချစ်သည်းမောင်ရယ်
သည်တော့ မောင်ကလည်း အားကျမခံ ခွန်းတုံ့ပြန်ပါတယ်။
သူ့တေးသံတွေက အချိတ်အဆက်လေးတွေနဲ့ အထေ့ အငေါ့လေးတွေနဲ့ပလှည့်အပတ် အချွန်အမတွေ အထအနတွေ ဝေဝေဆာဆာ စကားအရာ အလင်္ကာကြွယ် ဆက်စပ်မှုထွေတလာနဲ့ ပါပဲလေကြည့်စမ်းပါလေ
ကျားဆို-
ဆံစကေညို
လှနဂိုလေ
ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား ပုချေ....။
အဓိပ္ပါယ်မှာ-ဆံစလေးညိုတိုတိုနဲ့ ပျိုနှမ၊ လှပတဲ့ ပျိုနှမလေးရယ်… (မင်းမှာသာ) ကိုယ့်ရပ်ကိုယ့်ရွာ ထက်မှာ လက်တွဲကြင်ဖော်ဖြစ်သူ ချစ်သူလေးတွေများ ရှိများရှိထားရော့သလားကွယ်ချစ်သည်းရယ်ပါတဲ့လေ။
မေကလည်းမောင့်ကို အလျော့မပေးနိုင်ပါအမေးရှိက အဖြေရှိသလိုအဆိုရှိက အချေရှိရမယ်လေ၊ နို့မို့ရင် ပညာသည်ချင်း ခုလိုဆုံရတဲံပွဲမှာအရှက်တကွဲ အကျိုးနည်းရယ် ဖြစ်ကုန်မယ်။ မိမိရဲ့ဂုဏ်သိက္ခာတို့ မိမိကြောင့် လျော့ကျသွားနိုင်တယ်လေ။ ဒါကြောင့် အဖတ်ဆယ်မှဖြစ်မယ်။
မဆို-
သာခြင်းဆို လူပျိုမောင်လိုင်
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ ပုချေ....။
အဓိပ္ပါယ်မှာ-(ခုမေနဲ့) သီချင်းဆိုနေတဲ့ လူပျိုမောင်ရယ် (မစိုးရိမ်ပါနဲ့) ကိုယ့်ရပ်ကိုယ့်ရွာထက်မှာလက်ပွန်းတတီး ခင်သူ ကြင်သူဆိုတာများ…. လားလားကိုမှ ဒီမေ့မှာ ရှိကို မရှိလှပါဘူးကွယ်.. ချစ်သည်းရယ်တဲ့လေ
တစ်ရွာသူပျိုမေက သို့ကလို ခွန်းတုံ့ပြန်ဆိုလိုက်တဲ့အခါ တစ်ရွာသူလူပျိုမောင် ငြိမ်မနေသာပြန်။ တစ်ကျော့ခွန်းတုန့်ပြန်ပါတော့တယ်။ ချစ်စရာနော်။
ကျားဆို-
ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ ထဗျာက
ကြည့်ရဖို့ယာ....။
အဓိပ္ပါယ်မှာ-(ကျက်သရေရှိတဲ့) ဒီတောဗွေခေါင် ဒီတောင်တွေကြားထဲမှာ  (ခုလို) စကားသာသာ ချိုချိုကို (ဟောဒီ) ပျိုမေရဲ့ ဆိုစကားကို … (ကိုလူပျိုက) ကြားလိုက်ရတဲ့အခါ  (ကိုယ့်ကိုယ်ကို မထိမ်းနိုင်ပါပဲ) စိတ်လက်ဝမ်းသာဖြစ်လွန်းမက ဖြစ်လွန်းရာက ထက,မိမတတ်ရယ် ဖြစ်မိပါတယ်ကွယ်… (ပျိုမေ) မကြည့်ရရုံ တမယ်ရယ်
သာခြင်းတတ် နှစ်ယောက် တစ်ယောက် တစ်ကျော့ ခွန်းတုန့်သီဆိုနေကြတယ်။ ခုတော့ ပျိုမေရဲ့ အလှည့် တစ်ဖန် ရောက်ခဲ့ပြန်တယ်။
ပျိုမေလည်း အားကျမခံနဲ့ တုံ့ပြန်ကာ ထပ်ကွန့်သီဆို လိုက်ပြန်ပါတယ်။
မဆို-
ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ ထဗျာကလို့
ကြည့်ရဖို့ယာ.....။
အဓိပ္ပါယ်မှာ- (လှပလွန်းကြတဲ့) ဥဒေါင်းငှက်၊ ကြိုးကြာငှက်တွေရယ်၊ (ပြီးတော့) သာလိကာရယ်၊ (ပြီးတော့ သစ္စာရှိလှတတ်ကြတဲ့) ဟင်္သာငှက်မ(ပမာ)…. အကြိမ်ကြိမ် အခါခါ မောင့်ကိုတမ်းတပြီးတော့ …. လွမ်းတ,နေမိတဲ့ အချိန်အခါမျိုးမှာ (ခုလိုမျှော်လင့်တုန်း) မောင်ရောက်လာခဲ့လို့…. (ဒီကမေ့မှာ ဝမ်းသာလွန်းတာကြောင့် ကိုယ့်စိတ်ကိုယ်မထိမ်းနိုင် ဖြစ်ကာထကာ က,မိမလို့…. ထကာ က,တာကိုကြည့်ရမလို့ရယ်သူကြည့်သွားရမလိုနှယ် သီသီရယ်လိုတယ်
ဒီလိုပဲ မေကခပ်ရွှက်ရွှက်ရယ် ဆိုလိုက်တယ်။ သူတို့တေးတွေက ဆိုဖွဲ့လို့မဆုံးနိုင်ကြဘူး။ ဆိုဖွဲ့လို့လည်း မငြီးငွေ့နိုင်ကြပါ။ ချစ်စရာခပ်ထေ့ထေ့ အနေနဲ့ရယ်၊ အစောင်းအချိတ်တွေ အကွေ့အပတ် အလှည့်အတတ်စုကာ စကားတန်ဆာ အလင်္ကာတွေနဲ့ပါ။
ခုထိ တွေးသံတွေဝေတုန်းဆဲပါ။ ချစ်စရာလေ ရမ္မာမြေဝယ် တကယ်ပဲတကယ်ပဲလေ။
................
ဇာနီအောင် (ရမ္မာဝတီ)
မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀)ပြည့်အထိမ်းအမှတ် ကျောက်ဖြူ၂၀၀၉ မဂ္ဂဇင်းမှ
စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေသော ကလေးငယ်မှာ ဆာလဖာ ဆေး မတည့်ခြင်းကြောင့် ဖြစ်ပွားသော ရောဂါ ခံစားနေရသူသာ ဖြစ်ပြီး အီဘိုလာရောဂါဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်း သိရှိရ
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကလေးငယ် တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှုခံယူနေကြောင်း အင်တာနက် သတင်းများ တွင် သြဂုတ် ၄ ရက်မှ စတင်၍ ဖော်ပြလျက်ရှိသည်။
အင်တာနက်သတင်းတွင် ဖော်ပြထားသည့် လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက် ၆ နှစ်အရွယ်ရှိ မောင်မျိုးလင်းနိုင် ဆိုသူဖြစ်ပြီး ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ဆာလဖာ ဆေးမတည့်ခြင်းကြောင့် ဖြစ်ပေါ် လာသော Stevens – Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ် အထွေထွေ ဆေးရုံကြီး ကလေး ကုသဆောင်၌ တက်ရောက် ကုသနေ သူဖြစ်ကြောင်း၊ လူနာသည် အဖျားရောဂါဖြင့် ရွာတွင် ဇူလိုင် ၂၁ ရက်မှ စ၍ ဆေးသောက်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ တစ်ဆင့် စစ်တွေမြို့ ပြည်နယ် အထွေထွေရောဂါ ကု ဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Stevens- Johnson Syndrome ရောဂါသည် မွေးရာပါ ခုခံအား စနစ် ချို့ယွင်း နေသူများတွင် ဆေးဝါးဓာတ်မတည့်ခြင်း၊ အထူးသဖြင့် ဆာလ်ဖာဓာတ်ပါဝင်သော ဆေးဝါးများကြောင့် ဖြစ်ပွားပြီး Human Immuno Deficiency Virus, Coxsackievirus အသည်းရောင် ရောဂါပိုး၊ တုပ်ကွေးရောဂါပိုးတို့ ၀င်ရောက်ခြင်း၊ ကင်ဆာ ရောဂါဖြစ်ခြင်း တို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း၊ ဆေးဝါး ဓာတ်မတည့် မှုကြောင့် အများဆုံးဖြစ်ပွားလေ့ ရှိပြီး ယင်းရောဂါဖြစ်ပွားပါက ပထမဦးစွာ ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်းတို့ ဖြစ်ကာ နောက်ပိုင်းတွင် ပါးစပ်၊ နှုတ်ခမ်း၊ လိင်အင်္ဂါ နှင့် စအိုပတ်ဝန်းကျင် တို့တွင် အနာများဖြစ်ပေါ်ခြင်း၊ ပါးစပ်ထဲတွင် အနာများ ဖြစ်ပွားပါက လူနာသည် အလွန်အမင်း နာကျင်ပြီး အစာမစားနိုင်ခြင်း၊ ကလေး ငယ်များတွင် ယင်းရောဂါဖြစ်ပွားပါက လူနာ ၃၀ ရာခိုင်နှုန်း၌ မျက်စေ့ နာခြင်း ဖြစ်ပွား နိုင်ကြောင်း၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေလက်၊ ခြေဖ၀ါး များတွင် တစ်လက်မ ပတ်လည်ခန့် အနီပြင်များ ထွက်ခြင်း၊ မျက်ကြည်လွာ ပျက်စီးခြင်း၊ မျက်စိကန်းခြင်း၊ ကိုယ်တွင်း ကလီစာများ ပျက်စီးခြင်းတို့ ဖြစ်နိုင်ကြောင်း သိရှိရသည်။
မောင်မျိုးလင်းနိုင်အား စစ်တွေမြို့ ဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြုများ၏ ပြုစု ကုသပေး မှုကြောင့် ယခုအခါ အခြေအနေ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရှိ ရသည်။
ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း ကို ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရော ဂါ ဖြစ်ပွား သူ မရှိ ကြောင်း၊ အင်တာနက် သတင်းတွင် ဖော်ပြ ထားသည့် အဆိုပါ သတင်း မှာ မှားယွင်း ဖော်ပြ ချက်သာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိ ရသည်။
.. www.MyanmarExpress.net
မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ မြစ်အတွင်း စေတီတော် နစ်မြုပ်
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၏
ရွာဦးထိပ်တွင် ၁၃၇၁ ခုနှစ်မှ စတင်၍တည်ထားသော ဥာဏ်တော်(၉)တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်မှာ ၂.၈.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျားပေ(၃၀)၊ အနံပေ(၂၀)ခန့်
ရှိ ကမ်းပါးပြိုကျရာတွင်ပါသွားခဲ့ပြီး မြစ်အတွင်းသို့ တိမ်းစောင်းသွားခဲ့ကာ
စေတီ အနီးရှိ တံခွန်တိုင်မှာလည်း ညပိုင်းတွင်မြစ်အတွင်း လဲကျသွားခဲ့ပါသည်။
အဆိုပါဆုတောင်းပြည့် စေတေီတော်မှာ မြစ်ကမ်းစပ်၌တိမ်းစောင်းလျက်ရှိရာမှ ၅.၈.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် ဧရာဝတီမြစ်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း
သတင်း ရရှိပါသည်။
 .. www.MyanmarExpress.net
Wednesday, 16 July 2014
သဇင်
Pictureပန်းဂေါ်သဇင်
နန်းတော်ဝင် --။
ဘ၀င်လီဟပ်
အညှာကျွတ် --။
သဇင်ပိုးထိုး
အညှာကျိုး --။
ပိုးထိုးသဇင်
ဖုန်းဆိုးတောကို
တိုးလို့ဝင် --။
သဇင်ပန်းခြောက်
အနံ့ပျောက်
ဖုန်းဆိုးဘားမှာ
ငါးပါးမှောက် --။
..........
သာလှဦး
“ရှိ” ကတ်ဖို့လား၊ “ယှိ” ကတ်ဖို့လား၊ “ဟိ” ကတ်ဖို့လား
Picture
ရခိုင်ပိုင်စာရွီးကေ “ဟိ” နန့် ကင်းလွတ်လို့ မရ။ “ချဇားရှီမှာ ဒင်္ဂါးငါးပြား ဟိသည်”၊ “သဇင်ဖြူ”မှာ “အင်္ကျီတစ်ထည် ဟိသည်”။ “မြတ်သာထွန်း အခန်းထဲမှာဟိသည်”။ “ဒေနိစားမီးပွဲဟိ သည်”။ “မောင်သာဘန်း ရန်ကုန်လားဖို့ဟိသည်”။ “သက်ဟိလူသား” “လက်ဟိအနီအထား” အစဟိရေ “ဟိ” အသုံးတိက ကောင်းဟိပါရေ။ အနက်က ပိုင်ဆိုင်ခြင်း တည်ဟိခြင်းကို ပီးပါရေ။
“ဟိ” အသုံးကို ရှိခေတ်ရခိုင်ကျောက်စာတိမှာ ပီပီပြင်ပြင် တွိရပါရေ။ ရခိုင်ကျောက်စာအားလုံး “ဟိ” ကိုရာသုံးကတ်တေ။ “ဟိ” အသုံးတွိရရေ ကျောက်စာတချို့ကို ဥပမာအဖြစ် ဖော်ပြပါမေ။
၁။ တပည်သာသိရိကဿဖသည် လုပ်အံ့သည်ဥစွာ ဟိလျှက် (မင်းထီးကျောက်စာ၊ သကြစ် ၆၅၇) ၂။ သာသနာငါထောင်စိအောင် ဟိစိသော (ဝေသာလီ ရွှေတောင်စေတီကျောက်စာ၊ သကြစ် ၈၈၁) ၃။ ပိုင်ရိုဝ် မဟိဟူ၍ ဆိုဝ်လတ်သှ် (မဟာဝိနိယ်ဓိုင်ကျောက်စာ၊ သကြစ် ၉၀၅) ၄။ လွန်လီပြီသောခါစောမွန်အစ ဟိသော (ကလုံတောင်ဘုရားကျောက်စာ၊ ပထမမျက်နှာ၊ သကြစ် ၉၄၇) ၅။ ၀ါးခုနစ်ဆေ ဟိရာအနက်တွင် ဆြာတော် (ကုလားတန်းစားကျောက်စာ၊ သကြစ် ၁၀၇၀) အခုခေတ် ရခိုင်ကျွန်းရွာတိမှာလည်း “ဟိ” ကို ပီပီပြင်ပြင် သုံးကတ်တုန်းသိမ့်။ ရမ်းဗြဲလီသံမှာလည်း တွိရရေ။ မြောက်ဦးလီသံမှာလည်း တွိရရေ။ အပြောဘာသာစကား မှာ “ဟိ” ကို “ဟိန့်” လို့ အသံထွက်စွာ တွိရပါရေ။
ဒေသအလိုက်အသံအယင့်၊ အယူကွဲစွာပါရာ။ မူလရုပ်ရင်းက “ဟိ” ကို ပြောစွာရာဖြစ်တေ။
ရခိုင်အသုံး “ဟိ”
(HIAE) ကို ဒေနိမြန်မာစာ၊ မြန်မာစကားမှာ “ရှိ” လို့သုံးစွာကို တွိရပါရေ။ ပုဂံခေတ် မြန်မာကျောက်စာတိမှာကတော့ “ဟိ” အသုံးရာ တွိရရေ။ ပုဂံသားတိ ပြောစကားမှာလည်း “ဟိ” ရာ ဟိလီဖို့။ ဒေနိရခိုင်ဒေသ မြို့ကြီးတိက မြို့ကြီးသားတိပါးစမှာ၊ အရွီးအသားတိမှာ “ရှိ” ကို တွိနီရပါရေ။ ရခိုင်ကျွန်းကစကား “ဟိ” ကို “ရှိ” လို့ ပြောနီကတ်စွာပါ။ “ရှိ” ကို ရခိုင်ကျွန်းစကားစစ်စစ်နန့် အသံထွက်ကေ “RHIAE” လို့ရာ ထွက်ရဖို့။ “ဟိ” ကို ကျကေ (HIAE) လို့ထွက်ရဖို့။ ( ဒေပိုင်အင်္ဂလိပ်အက္ခရာနန့် အသံထွက်ပြစွာကို Transliteration လို့ခေါ်ပါရေ။ Phonetic Symbol နန့် မတူပါသိမ့်။
Phonetic Symbol က ပညာသျှင်တိရာ နားလည်နိုင်ရေ။ အရပ်သား အင်္ဂလိပ်က Transliteration နန့်ပြကေ နားလည်နိုင်ရေ။ အင်ဒိုနီးသျှားဘာသာစကားကိုလည်း ဒေပိုင်ရွီးစာ တွိရပါရေ) “ရှိ” ကို မြို့ကြီးသားရခိုင်တိအသံနန့် ဆိုကေ “SHI ” လို့ ထွက်စွာတွိရပါရေ။ ရခိုင်ကျွန်းရွာတိစွာ ရခိုင်လူဦးရွီ၏ (၉၀) ရခိုင်နှုန်းလောက် နီထိုင်ကတ်တေ နီရာပါ။ ရခိုင်သားအများစုက ကျွန်းမှာပါ။ ယေနန့် ရခိုင်ကျွန်းရွာတိမှာပြောကတ်တေ ရခိုင်အသံထွက်ရာ အမှန်ဖြစ်ရပါဖို့။ ရခိုင်ကျွန်းရွာ အပြောစကားမှာ “ဟိ” လည်းဟိရေ။ “ရှိ” လည်း ဟိပါရေ။
၁။ နီ အရှိဘက်ကထွက်တေ။
၂။ ရဖြီးချပ်တောင်စွာ စစ်တွေ၏အရှိဘက်မှာ ဟိရေ။
၃။ မင်းရို့နှစ်ယောက် အရပ်အရှိရှိကာဝေ။
၎။ ဒေ၀ါးနှစ်ပိုင်းအရှိရှိပျာယ်။
၅။ ဆန်ကို သိုက်ဒုံနန့် ရှိရှိခြင်ခ။
၆။ ဒေနိမိုးထက် ထမင်းအရှိရှိရာကျရေ။
၇။ ရှိကိုနောက်ကို ကြည့်လို့လား။
၈။ ရှိအနာဂါတ်ကို မျှော်ကြည့်ရဖို့။
၉။ ရှိနီစောမောင်လာပျာယ်။
၁၀။ အချေတိ ရှိခိုးနီကတ်တေ။
ဒေ၀ါကျတိကိုကြည့်ကေ “ရှိ” ၏အနက်စွာ
(က) အရှိဘက်
(ခ) အရပ်အနိမ့်အမြင့် တူညီခြင်း
(ဂ) အပြည့်ဟိခြင်း
(ဃ) အပိုအလိုမဟိဖြစ်ခြင်း
(င) နောင်ဖြစ်လာဖို့ကိစ္စကို ဆိုလိုခြင်းအစဟိရေ အနက်တိထွက်စွာ တွိရရေ။ ယေနန့်
“ချဇားရှီမှာ ဒင်္ဂါးငါးပြား ရှိ သည် ။
“မြတ်သာထွန်း အခန်းထဲမှာ ရှိ သည် ။
“ဒေနိ စာမီးပွဲ ရှိသည် ။
“မောင်သာဘန်း ရန်ကုန်လားဖို့ ရှိ သည်။
“သက် ရှိ လူသား ”
“လက် ရှိ အနီအထား”
အစဟိရေ အသုံးအနှုန်းတိစွာ ရခိုင်သဒ္ဒါနန့်ကြည့်ကေ မှားယွင်းနီစွာ တွိရပါရေ။ “ဟိ” ကိုရာသုံးကတ်ရပါဖို့။
ရခိုင်မြို့ကြီးသားတချို့က “ရှိ” အသုံးမှားနီစွာကို တွိလားကတ်တေခါ နောက်ကိုတလှမ်းမဆုတ်ချင်လို့ “ယှိ”
(SHI) ဆိုပြီးပျင်လို့ ရွီးလာစွာတွိရပြန်ရေ။ ဒေနိ မြို့မှာသုံးရေ စကားသံနန့် ကိုက်ကေလည်း ရခိုင်အများစုဖြစ်တေ ကျွန်းစကားနန့်က မကိုက်။ ရုပ်ရင်းရို့၊ သဒ္ဒါရို့၊ အဘိဓာန်ရို့နန့်လည်း မကိုက်။ ယေနန့် မြို့ကြီးသားရခိုင်တိ ကျွန်းကရခိုင်တိနန့် တသားတည်းကျအောင် နောက်ကိုတလှမ်း ဆုတ်ကတ်ရဖို့ မြင်မိပါရေ။ ပြောရေခါ “ရှိ” (SHI) နန့် “ယှိ” (YHI ) ကိုဖျက်ပြီး “ဟိ” (HIAE) လို့ ပြန်ပျင်ပြောကတ်ပါမေ။ ရွီးရေခါလည်း “ရှိ” နန့် “ယှိ” ကိုဖျက်ပြီး “ဟိ” လို့ ပျင်ရွီးကတ်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာပါဖို့။ နောက်ကို တလှမ်းဆုတ်သင့်စွာမှာ ဆုတ်ရပါဖို့။ မဟုတ်ကေ ရခိုင်စကားပျောက်လားဖို့ရာ ဟိပျာယ်။ ရခိုင်ဘာသာ အရွီးအသားကိစ္စကို လူအားနန့်လည်း ပျင်လို့မရ။ ဖေသာအားနန့်လည်း ပျင်လို့မနိုင်။ ပညာနန့်ရာ ပျင်ရဖို့။ ရခိုင်သဒ္ဒါသဘောကို စိစိကိုက်ကိုက် လေ့လာပြီးကေ၊ ပြည်သူအများပြောစကားနန့် ညှိယူလိုက်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာဖို့ သေချာပါရေ။
(အသျှင်သူရိယ)
အကိုးအကား
(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။
မတူညီရေ အယူအဆကြားက ရခိုင်စာပီ၏ ကံကြမ္မာ
ဒေနိန့် ရခိုင်စာပီရေ ရခိုင်လူငယ်တိကြားမာ ဆုံးဖြတ်ချက်မချနိုင်ရေ Problematic Issue တခုဖြစ်နိန်ပါရေ။ ဇဝေဇ၀ါတိကြားမာ ရခိုင့်စာပီကံကြမ္မာလည်း စိုးရိမ်ရရေ အခြေအနေမာရှိနိန်ပါရေ။ anti-Burmese virus တိက ငရို့တိအားလုံးရင်ထဲမာ အကျိတ်အခဲနန့်တည်ရှိနိန်ဂတ်တေခါ ထိုလူတိနန့်မတူအောင် ဖန်တီးချင်ရေ ( သို့မဟုတ်) တော်လှန်ချင်ရေ inspiration က မတူညီရေ ရင်ဘတ်တိထဲက တခုတည်းသော တူညီချက်ပါ။ ရခိုင်စာပီဖော်ဆောင်ရေးဆိုရေ အခန်းကဏ္ဌကို မတူကွဲပြားစဉ်းစားဂတ်တေခါ ထင်မြင်ချက်အမျိုးမျိုးတိကြားမာ ရခိုင်စာပီသည် လူးလူးလိမ့်လိမ့်ဖြစ်နိန်စွာကိုတွိရပါရေ။
တချို့တိက အရပ်သုံးစကားကို ကိုးကားဗျာလ်ရေးနိန်ဂတ်တေပိုင် တချို့တိကလည်း ဝေါဟာရကိုပြောင်းဗျာလ်သုံးနိန်ဂတ်စွာကို တွိရပါရေ။ ဇာပိုင်ပုံစံကို အတည်ယူရဖို့လဲ။ ၀ီခွဲမရပါသိမ်း။ မှန်ရေမှားရေကို ဆုံးဖြတ်ဖို့ထက် ယေဘုယျ လက်ခံနိုင်ရေ အခြေအနေတိနန့်တောင် အလှန်းဝီးနိန်စွာကို တွိရပါရေ။ ရခိုင်စာပီခရီး ဇာပိုင်ဆက်ဗျာလ်အသက် ရှင်ခွင့်ပီးဂတ်ပါဖို့လဲ.။
တချို့တိက ရခိုင်စာကိုရေးရေခါ စားသံကိုလိုက်ဗျာလ် ရေးနိန်ကတ်စွာကိုတွိရပါရေ—-
ဥပမာ—- ကမ္ဘာ ကို ကဗာ၊ ပြည် ကို ပြေ၊ အခြေအနေ ကို အခြီအနီ၊ ကြည်ကြည်ဖြူဖြူ ကို ကြီကြီဖြူဖြူ၊ နာမည် ကို နာမေ၊ သူငယ်ချင်း ကို သငယ်ချင်း၊ ပညာ ကို ပိုင်ဥာ၊ ယပိုင်အမျိုးမျိုးရေးနိန်ဂတ်ပါဗျာလ်။
ကျွန်တော်စဉ်းစားမိစွာက –ဘာသာစကားတခုကို Revolution လုပ်ဖို့ဆိုကေ culture နန့် linguistic ကို မျက်ကွယ်ပြုထားလို့မရပါ။ meaning ကိုနားလည်နိုင်ဖို့ စကားလုံးဖွဲ့ထုံးနှင့်တကွ အသုံးအနှုန်းသည်အရေးကြီးကြောင်း လက်ခံရပါဖို့။ ထင်ရာရေးလို့မရပါ။ ဆိုလိုရင်းတိနန့် အလှမ်းဝီးလားနိုင်ရေပိုင် literature စီးကြောင်းလည်းလွဲလားပါဖို့။ ဘာသာစကားတိုင်းမာ Prefix-ရှေ့စကား နန့် Suffix -နောက်စကား ဆိုစွာဟိပါရေ— ယင်းတိမာလည်း ဆိုင်ရာဆိုင်ရာ meaning တိဟိကတ်ပါရေ။ ကျွန်တော်ရို့ဘာသာစာကားမာ မဟိလို့ ဇာသူပြောနိုင်ဖို့လဲ။ စကားလုံးကိုထင်ပိုင်သုံးကေ source တိဖြစ်တေ ယင်းချန်းတိပျောက်လားပါဖို့။
ဥပမာ–ပါဠိမာ ရှေ့စကား-prefix အာ= ရှေ့ရှု ကို — ဂတော= လားသည် ဆိုရေ စားနန့်ဆက်ရေခါ– အာ+ဂတော=အာဂတော– ပြန်လာရေလို့ သဘောရပါရေ။ ရခိုင်စာပီမာ Prefix. Suffix မဟိနိုင်ပါလား–ရှာကြည့်ပါ။
ဥပမာ– ရရိုးချေ ။ ရ- Prefix = ပိုလွန်ခြင်း၊ ချေ-Suffix= အရေတွက်နဲခြင်း၊ ရရိုးချေ= သဘာဝဆန်ရေသဘော။
— ပညာ။ ပ -prefix= ထိုးထွင်းခြင်း၊ ညာ-Suffix= သိမြင်ခြင်း။ ပညာ= နက်နက်နဲနဲသိခြင်း
—အခြေအနေ။ အခြေ-suffix= လျှောက်ပတ်သော။ အနေ-suffix= အနေအထား ၊ ပတ်ဝန်ကျင်။
အခြေအနေ= သင့်တော်သောပတ်ဝန်ကျင်–စသည်ဖြင့်ဟိဖို့ထင်ပါယင့်။
ယပြီးကေ စကားလုံးဖွဲ့နိန်ရာမာ word form, derivative word တိကိုလည်းသိဖို့လိုရေထင်ပါရေ။
ဥပမာ—- စဉ် ၊ စ-ဉ်= ဉ်၊င်၊န်၊ဏ်၊မ် သည် အသံထွက်တူဂတ်ပါရေ။ ယပြီးကေ — ပဉ် လို့ရေးရေပိုင် စဉ် လို့ရေးဂေ literature မကျပါလား။ အားလုံး အိုင် သံတိ ထွက်ဂတ်ပါရေ။
—-သံစဉ် ကို သံဇဉ် လို့ ရေးဂတ်ပါရေ—-သံစဉ် ဆိုစွာ သံ+စဉ် ပါ။ သံ က အသံ+ စဉ် က စီစဉ်တကျ လို့ ဆိုလိုပါရေ။ သံဇဉ် ဆိုစွာ ဇာကိုဆိုစွာပါလေ။ linguistic အရယှဉ်းကပ်ကြည့်ခါ– သံ က အသံ+ ဇဉ် က ဇာပါလေ၊ ကဇဉ်က၀ါ ပါလား။ ရခိုင်စကားမာ ကဇဉ်က၀ါ လို့ဟိပါရေ။
—-အစဉ်ထာဝရ ကိုလည်း အရပ်သုံးသို့ရာလိုက်ဖို့ဆိုကေ အစိုင်ထာဝရလို့ရေးဖို့ကျဂတ်ပါဖို့။ ယဂေ– အစဉ်ထာဝရ မာ စဉ် က အမြဲ လို့ဆိုလိုပါရေ၊ အစိုင်ထာဝရ မာ စိုင် က ဇာပါလေ အစိုင်အခဲ ပါလား။ အားလုံးရောဗျာလ် သင်းမကွဲ ဖြစ်လားပါဖို့ယာ။ နောင်လာနောက်သားတိရာ အတုယူလားဂတ်ဖို့ဆိုကေ စာလုံးပေါင်းကောင်းကောင်းမှားလီဂတ်ပါဖို့ရာ။ ကျွန်တော်ရို့ အလေးထားရေ ရခိုင်သား new generation အတွက် စိုးရိမ်စရာပါ။
ဘာသာစကားတခုကို Reformation လုပ်ဖို့ဆိုကေ linguistic ကိုအလေးထားစဉ်းစားဖို့သင့်ပါရေ။ .ယကေလဲ culture ကိုပါ လှည့်ကြည့်ဖို့လိုပါဖို့။ အသံထွက်ကိုလိုက်၍ ရီးခြင်းသည်လည်း linguistic ထဲက တခုတော့တခုပါ၊ ယေကေလဲ ယင်းParagmatic,Phonology လောက်နန့်မလုံလောက်ပါ၊-Morphology, Syntax, Semantics နှင့် Discourse-analysis များအပြင် ဘာသာစကားတိုင်မာ ပါဝင်လေ့ရှိသော Daily Usage နှင့် Academic Usage စာပီသုံးများကိုပါ ခွဲခြား သုံးနှုန်းဖို့လိုရေထင်ပါရေ။
တချို့ကပြောပါမေ သုံးချင်ပိုင်သုံးပါဖို့လို့–မမှားကေရပါရေ၊ မှားခကေ နောက်ကိုယ်ရို့ကို အတုယူဖို့အချေတိအတွက်မကောင်းပါ။ သူရို့က ကျွန်တော်ရို့ကိုမှီပြီးကေ အလုပ်လုပ်ရဖို့လူတိပါ။ အလေးထားရပါဖို့။ Reformation အမှန်လုပ်ဖို့လို့ဆုံးဖြတ်ဂေ literature ကိုကိုင်ပြီးလားရပါဖို့။ လက်မလွှတ်နိုင်ပါ၊ ဗမာတိဖျက်ကေတောင် စကေ့ချေလောက်ကျန်ကောင်းကျန်ပါဖို့သိမ်း။ ကိုယ်လူတိဖျက်ကေ တခုလေးသော့ကျန်လီဖို့မဟုတ်ပါရာ။ တချို့သော အရပ်သုံးကို ပြောင်းလို့ရဂေလဲ တချို့သော စာပီသုံးကိုမဖျက်ဂတ်ပါကေ့။ ရခိုင်နန့်ဗမာစွာ အားလုံးမကွဲ တချို့ရာကွဲရေဆိုစွာကို သတိထာရပါဖို့။
သမိုင်းဖြစ်စဉ်အရ ပျင်ကေ ယင်းသူရို့ရာ ပျင်ပါပတ်စီ၊ ဇာအတွက်လဲဆိုခါ ငရို့ကမူရင်းကျလို့ပါ။ ပုဂံစာ၊ ပျူစာကိုကြည့်ပါ ရခိုင်အသံ အများကြီးတွိရပါရေ။ သမိုင်းကြောင်းအရ နှစ်သုံးထောင်လောက်နောက်ကျရေ လူတိကိုဦးစားပီးဖို့လား စဉ်းစားဂတ်ပါ။ အင်္ဂလိပ်နန့်မတူအောင် လက်တင်ကမပြောင်းပါဝါ–အင်္ဂလိပ်ကရာ ပြောင်းနိန်ဂတ်ရရေမျိုးပါ။ အလုပ်ထဲမာ စာသည်အခက်ဆုံး ၊ အခက်ဆုံးကို ခံစားချက်ချေ စကေနန့် မဖျက်ပါကေ့—စဉ်းစားပြီးမှလုပ်ဂတ်ပါ။
ကျွန်တော့အမြင်ပါ။
မိုးညို
ရခိုင်စာပီ ဟြင်သန်ဘာဇီ.....
လူမျိုးတမျိုးအနီနန့် တခြားလူမျိုးတိကို တန်းတူရပ်တည်နိုင်ဖို့ ဘာသာစကားနန့် စာပီစွာ အသက်လောက်အရေးကြီးဘာရေ။ ဘာသာစကားဟိပြီးကေ စာပီမဟိရေလူမျိုးချေတိ အကျွန်ရို့မျိုးနွယ်ထဲမာ ဇာပိုင်အခြေအနေဟိဂတ်တေလဲဆိုစွာကို မျက်စိမာတချက်ချေ အယင် မြင်ဂတ်ပါ။ သူရို့တိ ဘ၀အခြေအနီ၊ နီထိုင်စားသောက်မှုအဆင့်အတန်း၊ လူရာဝင်မှု၊ မ၀င်မှုတိကို မျက်စိမာကြောင်းလို့ မြင်မိဂတ်ဖို့ထင်ဘာရေ။ (ဒေပိုင်ပြောရစွာသည် သူရို့တိကိုနှိမ်ချင်လို့ အထင်သေးလို့မဟုတ်ပါ။ အပါးဆုံးဥပမာချေတခုကို ထိုးပြလိုက်စွာရာဖြစ်ပါရေ။)
စကားဆိုစွာက လူချင်းတွိမပြောလို့ရစွာဖြစ်ပြီးကေ စာပီဆိုစွာက လူမပါဘဲ လီထဲမာအတိုင်းအဆမဟိ ပြောလို့ရရေဆိုစွာကို ဒေစာကသက်သီပြနီဘာရေဒေ။
ရခိုင်စာပီစွာ ဗမာပြည်ထဲက ကရင်၊ ကချင်၊ ကယား၊ ချင်းတိမာပိုင် တခုချေလေ့မဟိစွာက အသစ်စရစွာ မဟုတ်ပါ။ ဟိပြီးသား သံချီးတက်နီရေဓါးချေကို ပြန်သွီးရေအဆင့်လောက်ရာဟိဘာရေ။ ယကေလေ့ ဂနိ ယင်းပြန်သွီးဖို့အဆင့်ချေလောက်မာ အဓိကပြဿနာတခုက လီယူလီသိမ်း ပြဿနာလို့ အကြမ်းဖျင်းယူဆလို့ရဘာရေ။ ဒေပြဿနာက လူမျိုးတိုင်း၊ နိုင်ငံတိုင်းမာ ကြုံနီဂတ်ရစွာပါ။ အကျွန်ရို့မာ အဓိက အဟန့်အတားဖြစ်နီစွာက တောင်ပိုင်း၊ မြောက်ပိုင်းဆိုရေ ဒေသစွဲအခြီခံပြဿနာ။ ဒေနီရာမာ အကျွန်တခုပြောချင်စွာက သံတွဲမာပင်နီနီ၊ မောင်တောမာပင်နီနီ ရခိုင်မျိုးရိုးကမွီးလာကေ အားလုံးရခိုင်သားပါယာ။ ရခိုင်သမိုင်းမာ တောင်ပိုင်း၊ မြောက်ပိုင်းစစ်ပွဲဆိုဘနာ အမေရိကန်မာပိုင် ဖြစ်ခစွာလေ့မဟိခ၊ တောင်ပိုင်းသားပြောရေစကားကို မြောက်ပိုင်းသားနားမလည်ဆိုစွာလေ့ မဟိပိုင်၊ မြောက်ပိုင်းသားပြောရေစကားကိုတောင်ပိုင်းသားတိနားမလည်ဆိုစွာလေ့ မဟိသလောက်ရှားရေ။ ယင်းပိုင်ဆိုကေ ဇာဖြစ်လို့ “ဘုံ” စာပီတခု ပြန်ဟြင်သန်လာအောင် မလုပ်နိုင်ဘဲနီရပါဖို့လဲ။ ဒေနီရာမာ အချင်းချင်းကြားထဲမာ နားလည်မှုတခုလိုအပ်နီစွာက
“တောင်ပိုင်းသားတိကလေ့ မြောက်ပိုင်းလီသံကို ရခိုင်စာပီအဖြစ်ပြန်ဖော်ထုတ်ဖို့ကြိုးစားနီရေလို့ မမြင်မိဖို့လိုရေပိုင်၊ မြောက်ပိုင်းသားတိကလေ့ တောင်ပိုင်းသားတိ လီယူလီသိမ်းကို အတိုင်းအတာ တခုထိနားလည်ခွင့်လွှတ်ပီးကတ်ရဖို့”လို့မြင်ဘာရေ။
ယကေလေ့ “ ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ” ဆိုရေ အသုံးအနှုန်းတိကို ရှောင်ရှားပနာ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်တေ ရခိုင်စာပီပြန်ဟြင်သန်ရေးကို အာရုံစိုက်ပနာရွီးလားကေ မကြာရေတနိန့်မာ ရုပ်လုံးပေါ်လာဖို့လုံးဝယုံကြည်ဘာရေ။ တောင်ပိုင်း၊ မြောက်ပိုင်းဆိုရေ အတွေးအခေါ်ရေ မသမာရေအကောင်တိ၊ လူစိတ်မဟိရေအကောင်တိ သွီးထိုးလှုံ့ဆော်ပီးမှုရာဖြစ်ပါရေ။ ဂနိလူငယ်ချေတိကြားထဲမာ ယင်းအတွေးအခေါ်တိမဟိပါယာ။ ယင်းချင့်ကို ဇာကသက်သီပြနီလဲဆိုကေ ဂနိ ရခိုင့်တော်လှန်ရီးထဲမာ တောင်ပိုင်းကလူငယ်ချေတိ ဇာလောက်ပါနီတေဆိုစွာကို လေ့လာကြည့်ဂေ သိဘာလိမ့်မေ။ လီယူလီသိမ်းစိချေကွဲပြားနီစွာလောက်နန့် ဟြိဆက်မတိုးနိုင်ဂေ မျက်ဖြူဆိုက်လီ၊ ဆရာကြိုက်လီပါယာယေ။
လီယူလီသိမ်းကွဲပြားကတ်စွာတိကို အကျွန့်အတွိအကြုံကို စိချေတင်ပြပါမေ။ ဥပမာ ဗမာပြည်မာ ရထားကို အကျွန်ရို့ရခိုင်လူမျိုးတိက “ရထား”လို့ အသံထွက်ကတ်ပါရေ။ ရန်ကုန်တ၀ိုက်မာ “ယထား” ဆိုဘနာ အသံထွက်ကတ်တေ။ မော်လမြိုင်ဖက်ကိုရောက်လားခကေ “ယက်ထား” ဆိုဘနာ အသံထွက် ကတ်တေ။ ဇာလောက်ပင် လီယူလီသိမ်းကွဲကွဲ ဂနိဗမာပြည်မာ “မြန်မာစာ”ဆိုစွာ ဘုံစာပီတခုအဖြစ်ရပ်တည်နီဘာရေ။ ဒေချင့်က လီယူလီသိမ်းကွဲကတ်စွာလောက်ပါသိမ့်။
လီယူလီသိမ်းထက်ပိုဆိုးစွာတိ ဟိပါသိမ့်ရေ။ ဥပမာ ထိုင်းနိုင်ငံဆိုပါဖိ။ မဲဆောက်မြို့ထဲမာ ဈီးလားလို့ (၂၅)ပြားတန်တခုကို ဇာလောက်ကျလဲလို့ မီးခီကေ ထိုင်းလူမျိုးတိက “ယဲ့ဆိဟ” (၂၅)ပြား လို့ပြောဘာရေ။ ယကေ ချင်းမိုင်ကိုရောက်လားခလို့ လားမီးခီကေ “ စောင်ဟ” လို့ ဖြေပါဖို့ယေ။ အဂုလက်ဟိ ကျနော်နီရေနိုင်ငံမာလေ့ ယင်းပိုင်ပါယာ။ ပထမ ကျနော်နိုင်ငံအလယ်ပိုင်းမာနီဘနာကျောင်းတက်ခခါ ယင်းဖက်ကလူတိ (၂၅)ကို “ချုယာဖန်း” လို့ ပြောဂတ်ပြီးကေ အဂုလက်ဟိ ကျနော်အလုပ်လုပ်နီရေ နိုင်ငံအနောက်ပိုင်းကလူတိကျဂေ “ဖန်း အော် တီးဗဲ” ဆိုပြီးကေ ပြောဂတ်တေ။
အကျွန် အလယ်ပိုင်းကပြောင်းလာခါစ ဘဏ်မာဖေ့သျှာ(၂၀၀၀) လားထုတ်ဖို့ပြောစွာကို စကားနားမလည်လို့ ဘဏ်က၀ါကျီးမ က ဘဏ်ထဲမာဟိသမျှဖေ့သျှာကို ထုတ်ပီးလိုက်တေ။ ဒေဂု အလုပ်ကိုစရောက်ခါစလေ့ အလုပ်ထဲကလူတိက အကျွန့်ကိုဇာပြောလဲဆိုကေ “မင်းပြောရေစကားက ငါရို့စကားမဟုတ်၊ ခက်က ခက်နန့်” ဇာဖြစ်တေ၊ ညာဖြစ်တေဆိုဘနာ ပြောခကတ်ပါရေ။ ဒေနိုင်ငံမာ အဂုထက်ထိ ယင်းပိုင်လီယူလီသိမ်းကွဲစွာတိကို ဒေသ(၁၉)ခု ခွဲဘနာ လေ့လာနီဂတ်တုန်းဘာသိမ့်။ အကျွန်ရို့မာက တောင်ပိုင်း၊ မြောက်ပိုင်းဆိုဘနာ (၂)ခုရာ ဟိပါသိမ့်ရေ။
လီသံဇာလောက်ပင်ကွဲကွဲ၊ ဝေါဟာရအသုံးအနှုံးဇာလောက်ပင်ကွာကွာ ဘုံစာပီတခုဟိနီလို့ ကမ္ဘာ့အလယ်မာ မျက်နှာမော့၊ ရင်ကော့နီကတ်စွာ မဟုတ်ပါလားချင့်။
နောက်တခုက
အကျွန်ရာ ယင်းပိုင်အပြောခံရလို့ ဒေကောင်တိနန့်အလုပ်အတူတူဆက်လုပ်လို့ရဖို့မဟုတ်ဆိုဘနာ ထွက်လားခကေ ဂုလောက်ဆိုကေ ထမင်းငတ်၊ ဟင်းငတ်နန့် လစန့်ကြောင်ချင်ဂေ ကြောင်လီယောက်မေ။ ယင်းဇူးနန့် အမျိုးသားအတွက် မဟိမဖြစ်လိုအပ်တေ၊ ကဂေါင်းလေ့အရေးကြီးရေ ရည်မှန်းချက်ပန်းတိုင်တခုကို ချီတက်နီဂတ်စွာမာ တယောက်ကိုတယောက် သည်းခံစိတ်ဟြည်ဘနာ အချင်းချင်းလက်တွဲလုပ်လားဂတ်ဖို့ အချိန်ကျနီဘာယာ။
ရခိုင်စာပီတခု အယင်ဆုံးပြန်လို့ဟြင်သန်လာအောင် ရခိုင်လူမျိုးတိုင်းမာ တာဝန်ဟိဘာရေ။ အားလုံးဝိုင်းလို့ ကြိုးစားဂတ်ပါမေ…..
အားလုံးကို လေးစားစွာနန့် -
free4waddy
Tuesday, 15 July 2014
ရခိုင်စာပီ၏(ဧ)သရနှင့်(ဤ)သရအကြောင်း
ရခိုင်စာပီတွင်
(က) ဧသရကို ဤ သရသို့ ပြောင်းလဲရီးသားရွတ်ဖတ်ခြင်း။
(ခ)  ဧသရကို ဧသရအတိုင်းရွတ်ဖတ်ခြင်းဟူ၍ နှစ်မျိုးဟိသည်ကို လေ့လာတွိဟိရပါသည်။ ဤစာ
တမ်းတွင် ယင်းနှစ်မျိုးအား သုတေသနပြုလုပ်ထားပါသည်။
(ဧ)သရကို (ဤ)သရသို့ ပြောင်းလဲခြင်း။
သက္ကရာဇ်(၈၁၇)ခုနှစ်တွင် ရခိုင်ပြည် မြောက်ဦးမြို့တော်၌ နန်းတက်သော ဘစောဖြူမင်းလက်ထက် စာဆိုတော် ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းတွင်
"ကစ္ဆပနဒီ ၊ ဤသည်ညာမွန်
ယဉ်ထန်အတက် ၊ ပင်လယ်ထွက်မှ
နှစ်ဘက်ကမ်းခြီ ၊ ဖြားရီမီ
ရှိဆီပြုဗ္ဗာ၊ အာကာမှီခိုင်း "ဟူ၍ စပ်ဆိုထားပါသည်။ နှစ်ဘက်ကမ်းခြီ ၊ ဖြားရီမီ၌ " နှစ်ဘက်ကမ်းခြေ"
ဟု ဗမာပိုင်ရီးရဖို့ဖြစ်ပါသည်။ ရခိုင်က "ခြေ" ဟု(ဧ)သရသံမထွက် ၊ (ဧ)သရဖြင့်မရီးပါ။ " ခြီ " ဟု
(ဤ)သရခြင့်ရီးကတ် ဖတ်ကတ်ပါသည်။ နှစ်ဘက်ကမ်းခြီ ၊ ဖြားရီမီ မှာလည်း (ရီ) ဟု (ဤ)သရဖြင့် ရီးထားသည်ကို တွိရပါသည်။ ဗမာပိုင် (ရေ)ဟု (ဧ)သရဖြင့် ရီးရ ဖတ်ရဖို့ ဖြစ်ပါသည်။ ထို့ အတူ မြောက်ဦးမြို့  ကျောက်ရစ်ကေ ဆရာမောင်စံလှက ကောဇာသက္ကရာဇ် (၁၁၁၆) ခရစ်သက္ကရာဇ်
(၁၇၅၄)ခုနှစ်တွင် ရီးစပ်သည့် ဓည၀တီနိဂုံးရွာများသာချင်းမှာလည်းများစွာအိမ်ခြီ ၊ ပြည့်ဝှန်စီကေ ၊
(ဤ)သရကို ဗမာစာပီ၌ (ဧ)သရဖြင့် ( ခြေ ၊ စေ ၊ ရေ) ဟု ရီးကတ် ဖတ်ကတ်ပါသည်။၎င်းသာချင်း
တွင်ပါဝင်သော အောက်ပါသာချင်းဥပမာများသည် ဗမာစာပီ၌ (ဧ)သရဖြင့် ရီးကတ် ဖတ်ကတ်
သော်လည်း ရခိုင်စာပီ၌ကား ( ဤ)သရအဖြစ်ဖြင့်သာ ရီးကတ် ဖတ်ကတ်သည်ကို တွိရပါသည်။
(၁) ကျွန်းဦးမြီမှာ ၊ သပြီခလို့  ၊ ရောင်မြ၀ီဝီ
(၂) ပထွန်းကျက်သရီ ၊ လှဆန်းညီကေ ၊ အိမ်ခြီများစွာ
(၃) လီညှင်းသွန်၍ ၊ မြို့ ရွာတည်ချ ၊ များဗိုလ်ခြီနှင့် ၊ နီလီကြသော်
(၄) တိုင်းမြို့ ရွာမှာ ၊ ကျမ္မာရီးကို ၊ အားပီးကူညီ
(၅)ဘုန်းတောက်ပါရမီ ၊ မဟာဆွီကေ ၊ သာကီမင်းမျိုး
(၆) ဆိပ်ကမ်းခြီမှာ ၊ ကျောက်လှီကားကို စန္ဒြားမင်းမွန် ၊ ပြုလုပ်ပြန်၍
(၇) ငါးရာအိမ်ခြီ ၊ ရိပ်ဝီ၀ီနှင့် ၊ နီလည်းမထိုး စသည်ဖြင့် ရီးစပ်ထားသည်ကို တွိရပါသည်။
အထက်ပါ နမူနာပြ သာချင်း၌ ( မြီ ၊ ပြီ ၊ ၀ီ ၊ ရီ ၊ ခြီ ၊ ရီး ၊ ပီး ၊ ဆွီ ၊ လှီ ၊ နီ ၊ ) ဟူ၍ (ဤ)သရဖြင့် ရီးစပ်ထားသည်ကို တွိရပါသည်။ ဗမာစာပီ ဗမာစကား၌ကား ( မြေ ၊ ပြေ ၊ ဝေ ၊ ရေ ၊ ခြေ ၊ ရေး ၊
ပေး ၊ ဆွေ ၊ လှေ ၊ နေ ) ဟုသာ (ဧ)သရဖြင့်သာ ရီးကတ်ပြောကတ်ပါသည်။မြောက်ဦးခေတ်
လယ်ပိုင်း၌ ရီးထိုးထားသော နရာဓိပတိမော်ကွန်းကျောက်စာတွင်လည်း (သားစဉ်မြီးဆက် ၊စား
စီ ပီး၏ ) ဟူသော အရီးအသား၌ ( မြီး ၊ စီ ၊ ပီး ) ဟု (ဤ)သရဖြင့် ရီးထိုးထားသည်။ ထို့ ကြောင့် ကနိရခိုင်စာပီဆန်းသစ်ရီးမှာ ရီးနီကတ်သော ( နိန်ရာ ၊ စာရွီးသည် ၊ မိန်းခွန်း ) စသောအရီးအ
သားများသည် ရခိုင်ရှိဟောင်းပီစာ ၊ ကျောက်စာများ၏ ရီးထုံးအရ ကောက်ချက်ချလျှင် မှားယွင်း
ပါသည်။ သဒ္ဒါနည်းအရလည်း မှားယွင်းသည်။ ကနိ ရခိုင်တပြည်လုံး၏ အသံထွက် ရာခိုင်နှုန်းအ
ရကြည့်လျှင်လည်း မှားယွင်းပါသည်။ အထူးသဖြင့် ( ရီသောက်နိန်ရေ ၊ ညီလာခံကျင်းပဖို့  နိန်
ရာစွာ ဝေသာလီကွင်းမှာပါ ) စသည့် စကားများကို အလွန်နည်းသော အချို့ ရခိုင်တိပြောကတ်
ပါသည်။ ယင်း (နိန်) အသုံးအနှုန်းသည် အချို့ လူ ၊ အချို့ ဒေသများကသာ ပြောကတ်သဖြင့်ဒေ
သိယစကားအဖြစ်သာ သတ်မှတ်သင့်ပါသည်။ သတ်ပုံအမှန် ၊ သဒ္ဒါအမှန်အဖြစ် လက်မခံသင့်ပါ။ ဗမာစာပီတွင် (နေရာ) ၌ပါသော (ဧ)သရကို (ဤ)သရဖြင့် ရီးလျှင် (နီရာ) ။ (စာရေးသည်)၌ပါ
သော (ဧ)သရကို (ဤ)သရဖြင့်ရီးလျှင် ( စာရီးသည်) ။ (မေးခွန်း)၌ ပါသော (ဧ)သရကို (ဤ)သရဖြင့်ရီးလျှင် (မီးခွန်း) ဟူ၍ ဖြစ်ပါသည်။ ဤကဲ့သို့  ( နီရာ ၊ စာရီးသည် ၊ မီးခွန်း ) ဟုရီးမှသာ
လျှင် ရခိုင်ရှိဟောင်းပီစာ ၊ ကျောက်စာအရ မှန်ကန်သည်ဟု ကောက်ချက်ချရမည်ဖြစ်ပါသည်။ အထူးစဉ်းစားရန်မှာ ၄င်း ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း၌ပင် (မိန်း)ဟုမရီး (မီး) ဟူ၍လည်း
ကောင်း ၊ (နိန်)ဟုမရီး (နီ) ဟူ၍လည်းကောင်း ရီးထားပြီး ကာရန်အရလည်း ချိတ်ဆက်ထားသည်
ကို အောက်ပါအတိုင်းတွိရပါသည်။
(၁) လှစံသီးကို ၊ (မီး)လတ်ရာကား ၊ မဟာမုနိ
(၂)လီညှင်းသွန်၍ ၊ မြို့ ရွာတည်ချ ၊ များဗိုလ်ခြီနှင့် ၊ (နီ)လီကြသော် စသည်ဖြင့်တွိရပါသည်။
ကနိ အချို့  ရခိုင်စာရီးနီရေသူတိပိုင် (မိန်းလတ်ရာကား) ဟူ၍လည်းကောင်း ၊ (နိန်လီကြသော်)ဟူ၍လည်းကောင်း မရီးပါ။ ယင်းကဲ့သို့  ရီးပါက ကာရန်ပါလွတ်လားပါမည်။ (စာရွီးသည်)၌ ပါ
သော (ရွီး)၏ အဓိပ္ပါယ်သည် ရွီးချယ်ခြင်းအနက်ကိုသာရပါသည်။ ထို့ကြာင့် စာရွီးသည်ဆိုသည်
မှာ အေစာမကောင်း ၊ အေစာကောင်းသည် စသည်ဖြင့် ရွီးချယ်ခြင်းကိုသာ အဓိပ္ပါယ်ရပါသည်။
(ရွီး)၌ပါသော (ဤ)သရကို (ဧ)သရအဖြစ်ပြောင်းသော် (ရွေး) ဟုသာ ဗမာပိုင် ရီးရဖတ်ရဖို့ ဖြစ်
သည်။ ဗမာစာပီ၌လည်း (ရွေး)ဟူသည် ရွီးချယ်ခြင်းအဖြစ်သာ အဓိပ္ပါယ်ရပါသည်။ ထို့ ကြောင့်
(စာရွီး)၌ပါဝင်သော (ရွီး)ဟူသည် ရွီးချယ်ခြင်းအနက် အဓိပ္ပါယ်ကိုသာရပြီး ကျောက်ထက်၊ပီထက်၊ ကြီးပြားထက်၌ အက္ခရာထင်စီရန် ပြုလုပ်ခြင်းဟူ၍ အဓိပ္ပါယ်မဖွင့်ဆိုနိုင်ပါ ။ ဓည၀တီနိဂုံးရွာများ
သမိုင်းသာခြင်း၌ (ရွီး)ကို ရွီးချယ်ခြင်းအဖြစ်သာ အဓိပ္ပါယ်တိုက်ရိုက်ဖွင့်ဆိုထားပါသည်။ (လွန်နည်း
ပါး၍ ၊ ဘုရားကိုသာ ၊ ရွီးချယ်ကာဖြင့် ) ဟူ၍ ဖြစ်ပါသည် ။ (ဧ)သရနှင့် (ဤ)သရသည် သဒ္ဒါနည်း
အရ (ဧ)သရမှ (ဤ)သရသို့  ပြောင်းလဲနိုင်သကဲ့သို့  (ဤ)သရမှလည်း (ဧ)သရသို့ ပြောင်းလဲနိုင်
ပါသည်။ (စာရေး)၌ (ဧ)သရသာပါပြီး (က္က)သရမပါပါ။ ထို့ ကြောင့် (ဧ)သရသည် (ဤ)သရသို့ ပြောင်းလဲသည့်အခါ (ရီး)ဟုပြောင်းလဲရမည့်အစား (ရွီး)ဟု (က္ကု)သရအပိုပါလာခြင်းသည် သဒ္ဒါစည်းကမ်းအရလည်း မှားယွင်းပါသည်။ သဒ္ဒါစာပီ၌ (က္ကု)သရဟူသည် လုံးကြီးတင်နှင့်ဝဆွဲကို ခေါ်ပါသည်။ အထက်ပါ အထောက်အထားများအရ ရခိုင်စာပီ ဆန်းသစ်ရီးလမ်းကြောင်းထက်မှာ
(စာရွီးသည်) ဟူသော သတ်ပုံမှား အစား (စာရီးသည်) ဟူသော သတ်ပုံအမှန်ကို သုံးသင့်ပါသည်။
(ဧ)သရကို (ဧ)သရအတိုင်းရီးသားခြင်း
ရခိုင်ဗမာစာပီနှိုင်းယှဉ်ချက်အရ ဗမာစာပီ၌ ပါရှိသော (ဧ)သရကို ရခိုင်စာပီ၌ (ဤ)သရဖြင့် ရီး
ကတ်ဖတ်ကတ်ခြင်းဟိကေလည်း (ဧ)သရတိုင်းကို (ဤ)သရအဖြစ် ပြောင်းလဲသည်မဟုတ်ပါ ။
(ဧ)သရကို (ဧ)သရအတိုင်း ရီးကတ် ဖတ်ကတ်ခြင်းလည်းဟိပါသည်။ ရခိုင်ဘာသာစကားမှာ ယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် (ဟုတ်ပါရေ) ဟုသုံးပါသည်။ ၎င်း (ရေ)၌ ပါသော (ဧ)သရကို
(ဧ)သရအတိုင်း ရီးကတ် ဖတ်ကတ်ပါသည်။ (ဤ)သရအဖြစ် ပြောင်းလဲကေ (ဟုတ်ပါရီ) ဟုဖြစ်
လားမည်။ ရခိုင်ဘာသာစကား၌ (ဟုတ်ပါရီ)ဟူ၍ မရှိပါ ။ ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်းတွင်
(၁)လေးမျက်နှာတွင် ၊ ခိုင်စွာပြုကေ
လေးခုထားလို့ ၊ လေးပါးမြို့နွယ် ၊ ရပ်လေးသွယ်နှင့်
(၂) ပဉ္စလောဟာ ၊ ရတနာဖြင့်
သွန်းကာလုပ်ကေ ၊ ခြောက်ရောင်ထင်၍
မြင်မညီးအောင် ၊ သွန်းဖြိုးရေလေး ဟူ၍ စပ်ဆိုထားပါသည်။ ၎င်းသာခြင်း၌ (လေး ၊ ကေ ၊ ရေ ၊ )
တို့ ၌ ပါသော (ဧ)သရကို (ဤ)သရအဖြစ် မပြောင်းလဲရပါ ။ဂန္ထ၀င်မြောက်ရခိုင်သျှင်ဒိုင်တေးချင်း
တွင်လည်း (ဧ)သရကို (ဧ)သရအတိုင်း ရီးကတ်ဖတ်ကတ်သည်ကို အောက်ပါအတိုင်းတွိရပါသည်။
တွားတတ်(သျှေ) ထိုင်တတ်(သျှေ) ပြိုင်းပေါက်ပါလတ်(ကေ) ခြီ(သျှေ)လက်(သျှေ)လှုပ်ဗျာလ်တီး ဘူဘူတီး(ကေ) ချိန်တိုင်းက(ရေ) အသူက(ကေ) လှပါ(ရေ) ဘု(သျှေ)က(ကေ) ချိန်တိုင်းလှပါ(ရေ)
အထက်ပါ ရခိုင်ဂန္ထ၀င်တေးချင်းတွင်လည်း (ဧ)သရကို (ဧ)သရအတိုင်း ရီးထားပြီး ဆိုရေအခါလည်း
(ဧ)သရသံသာထွက်သည်ကို တွိရပါသည်။အထူးသဖြင့် နောက်ဆုံးပုဒ်၌ ပါဝင်သော(ဧ)သရကို(ဧ)သရအတိုင်း ရီးကတ်ဖတ်ကတ်သည်ကို တွိဟိရပါသည် ။ ။
ခိုင်လင်း(မေဃ၀တီ)
၁၁ ၊ ၁၀ ၊ ၁၀ ၊ ည ၁၂း ၀၀
မှတ်ချက်။ ။ အကျွန့်ကို ရခိုင်စာပီနှင့်ပတ်သက်သော စာတမ်းများ ၊ ဆောင်းပါးများရီးသားရန် တိုက်တွန်းသော ဆရာကြီးဒေါက်တာ အေးကျော်အား ကျေးဇူးအထူးတင်ဟိပါသည်။ အထူးသဖြင့် ရခိုင်စာပီမြှင့်တင်ရီး ရခိုင်စာပီရီးသားရီးဟု ပြောနီကေလေ့သော့ရခိုင်စာပီအတွက် သဲတပွင့်ထမ်း
ရွက်သော အကျွန်၏ ဤစာတမ်းကို လုံးဝမဖော်ပြသော (အမည်မဖော်လိုသော) ဘလော့(ဂ်)တခု
အား ပို၍ ကျေးဇူးတင်ဟိပါသည် ။ နောက်ထပ် ဘလော့(ဂ်)တခုကို လုပ်နီရေ ညီသျေတယောက် ခရီးထွက်နီသဖြင့် မတင်ဖြစ်သီးပါ ။ ထို့ ကြောင့် ရခိုင်စာပီနန်းတော်ကြီးအတွက် အကျွန်၏ အား
ထုတ်ကြိုးစားမှုသည် (သဲတပွင့်)အဖြစ် ပါဝင်လီဖို့လို့ယုံကြည်မိပါသည်။ အခြားဘလော့ဂါများ
အနီဖြင့် အကျွန်၏ ဤ စာတမ်းကို လွတ်လပ်စွာ ဖော်ပြခွင့်ပြုပါသည် ။
Monday, 14 July 2014
လေးဝတီ ရက္ခိုင့် လူငယ်များအသင်း ( ၁၃၇၆-ခု ၊ ၀ါဆိုလပြည့်ကျော် (၂) ရက် ၊ ၁၃ - ၇ - ၂၀၁၄ (တနင်္ဂနိန်နိန့်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အမှတ်တရ ဓါတ်ပုံချေတိ
ကြည်ညိုဖွယ်ရာ ရှေးဟောင်းရခိုင် မဟာမြတ်မုနိဘုရား
ချစ်ခင်ရပါသော ကျွန်မရဲ့ မိတ်ဆွေများ အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ.. ကြံစည်သမျှ ပြည့်ဝအောင်မြင်ကြပါစေရှင်။ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာ ကောင်းမှု ကုသိုလ် ပြုကြမြဲ ဓမ္မတာမို့ ဒီနေ့မှာတော့ ကျွန်မရဲ့ မိတ်ဆွေများကို ရှေးနှစ်ပေါင်းများစွာ ရခိုင်ဘုရင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြတဲ့ တန်ခိုးကြီးဘုရား တစ်ဆူကို ဖူးမျှော်စေချင်ပါတယ်။ အဲဒီဘုရားကတော့ ရခိုင်လူမျိုးတို့ရဲ့ နှလုံးသည်းပွတ်ပမာ ဖြစ်သော ၊ ရှေးရခိုင်မင်းနဲ့ ပြည်သူပြည်သားများ အဆက်ဆက် ကိုးကွယ်ခဲ့တဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်ဖြစ်ပါတယ်။ စစ်တွေကနေ မြောက်ဦးမြို့ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပါတယ်။ စစ်တွေမြို့အကြောင်းကို ဆက်ရေးဖို့ ကျန်သေးပေမဲ့ ခုလို နှစ်ဆန်းတစ်ရက်နေ့မှာ ကြည်ညိုဖွယ်ရာ ဘုရားအကြောင်း မျှဝေချင်တာနဲ့ အခုလို မဟာမြတ်မုနိ ရုပ်ပွားတော်အကြောင်း ရေးလိုက်တာဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
မဟာမုနိဘုရားကြီး၊ ဓညဝတီမြို့ဟောင်းနယ်မြေ၊ ကျောက်တော်မြို့နယ်
စစ်တွေကနေ မြောက်ဦးကို သွားမယ်ဆိုရင် ရေလမ်းကနေ သွားရင် လမ်းမှာရှိတဲ့ မဟာမုနိ ဘုရားကို ဖူးရမှာ မဟုတ်ဘဲ၊ ကားနဲ့သွားမှသာ ကစ္ဆပနဒီ ကမ်းခြေက ကျောက်တော်မြို့ရှိ ကစ္ဆပနဒီ တံတားကြီးကို ကျော်ပြီးနောက် ၅မိုင်အကွာ သရက်တစ်ပင်ကျေးရွာ အလွန် မဟာမုနိကျေးရွာ ရောက်တဲ့အခါ ဘုရားကြီးအနီးမှာ ဖြတ်သန်းဖြတ်လာ ကားတွေအားလုံး ထမင်းစား ရပ်နားပါတယ်။ ဒီတော့ ထမင်းစားပြီးတာနဲ့ မဟာမုနိ ရုပ်ပွားတော်ကို တက်ရောက် ဖူးမျှော်နိုင်ပါတယ်။ မဟာမုနိရုပ်ပွားတော်ဟာ ဓညဝတီနန်းတော်ဟောင်းရဲ့ အချက်အခြာ နေရာမှာ တည်ရှိခဲ့ပါတယ်။ မဟာမုနိ ရုပ်ပွားတော် တည်ရှိရာ ကုန်းတော်မှ ပေအနည်းငယ်ခန့်အကွာမှာ ဓညဝတီ နန်းတော်ရာဟောင်းကို ယခုတိုင်မြင်တွေ့နိုင်ပါတယ်။ ဓညဝတီမြို့တော်ဟာ ခရစ်တော်မပေါ်မှီ ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ထိ ရခိုင်တို့ရဲ့ ကြီးကျယ်ထင်ရှား စည်ကားခဲ့တဲ့ မင်းနေပြည်တော်ဖြစ်ခဲ့ပါတယ်။ ရှေးခေတ်က မြို့ဟောင်းများလို အဝိုင်းပုံသဏ္ဍာန် ရှိပြီး တံတိုင်းနှစ်ထပ်၊ ကျုံးနှစ်ထပ် တည်ထားခဲ့ပြီး ဧရိယာစတုရန်း ၂မိုင်မျှ ကျယ်ဝန်းပါတယ်။ ဓညဝတီမြို့တော်ဟောင်းရဲ့ မြို့ရိုးများကို ပြန်လည် တူးဖော်ပြီး ရှေးဟောင်းသုတေသနမှ ထိမ်းသိမ်းထားတာကြောင့် ကားလမ်းမပေါ်ကနေ ကြည့်ရင် မြေပြန့်ပေါ်မှာ ရှိနေတဲ့ အုတ်ရိုးများကို လှမ်းမြင်နိုင်ပါတယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ဓညဝတီနန်းတော်ရာဟောင်း
ရခိုင်လူမျိုးများနဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများဟာ မဟာမုနိဘုရားကြီးကို ဖူးမျှော်ဖို့ လာရောက်ကြတာဟာ စည်ကားလှပါတယ်။ အချို့သောမြို့ရွာများမှ ဘုရားဖူးများဟာ ဘုရားကြီးအနီးက သရီချောင်းလက်တက်သို့  မော်တော်ဖြင့် ဘုရားဖူးလာရောက်ကြပါတယ်။ ဘုရားကြီး ပရဝုဏ်အနီးမှာ ထမင်းဆိုင်များလည်း ရှိပြီး မြန်မာထမင်းဟင်း၊ ရခိုင် ရိုးရာဟင်းတို့ကို နှစ်သက်ရာ မှာယူ သုံးဆောင်နိုင်ပါတယ်။ ရခိုင်ဟင်းတွေကတော့ဖြင့် ငရုပ်သီးစပ်လှပြီး စားရတာ ခံတွင်း အလွန်မြိန်ပါတယ်။ အစပ်ကြိုက်တဲ့ ကျွန်မအတွက်တော့ ရခိုင်ဟင်းစပ်ကို စားရတာ အလွန် နှစ်သက်မိပါတယ်။
Image Hosted by PicturePush - Photo Sharing
မော်တော်ဖြင့် ပျော်ပျော်ပါးပါး ဘုရားဖူးလာရောက်ကြသူများ 
ရှေးခေတ် ရခိုင်ဘုရင်များဟာလည်း ဖောင်တော်ဖြင့်  မဟာမြတ်မုနိဘုရားခြေတော်ရင်း လှေကားထိ ရောက်တဲ့ ချောင်းကနေ ဘုရားကြီးကို လာရောက်ဖူးမျှော်လေ့ရှိကြောင်း မှတ်တမ်းများ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Image Hosted by PicturePush - Photo Sharing
ထမင်းစားပြီးတာနဲ့ ဘုရားဖူးဖို့ပေ၃၀ခန့်မြင့်တဲ့ ကုန်းတော်ပေါ်ကို စောင်းတန်းကနေ တက်လာခဲ့ပါတယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
စောင်းတန်းဘေးက ကာရံထားတဲ့ တံတိုင်းကြီးဟာ ရှေးဟောင်းလက်ရာပုံစံအတိုင်းတည်ဆောက်ထားပါတယ်။
Image Hosted by PicturePush - Photo Sharing
ရင်ပြင်တော်ပေါ်က လှမ်းကြည့်ရင် မြင်ရတဲ့ မြတ်စွာဘုရားနှင့် ရဟန္တာ ငါးရာဆို့ ကြွချီလာဟန် ရုပ်ပုံတော်များ
ဒီမြင်ကွင်းကိုနိုင်ငံခြားသားတွေ အလွန်သဘောကျပြီး ရောက်လာတဲ့ သူတိုင်း ဒီနေရာကို ဓာတ်ပုံသေချာရိုက်တာကို တွေ့ရပါတယ်။
Image Hosted by PicturePush - Photo Sharing
ရခိုင်မင်းများ ခေတ်အဆက်ဆက်က ကိုးကွယ်ခဲ့ကြတဲ့ ကြည်ညိုဖွယ်ရာ မဟာမုနိမြတ်စွာဘုရား ရုပ်ပွားတော်ပါ။
ရုပ်ပွားတော်ဟာ သတ္တဝါအများကို သနားကရုဏာ ထားတော်မူ ဟန်ဖြင့် ပြုံးတော်မူနေတဲ့ မျက်နှာသွင်ပြင် ရှိတယ်လို့ ဆိုကြပါတယ်။
ရှည်လျားလှတဲ့ သမိုင်းကြောင်း ရှိခဲ့တဲ့ မဟာမြတ်မုနိရုပ်ပွားတော်ရဲ့သမိုင်းကို အကျဉ်းချုပ် ပြောရရင် မဟာမုနိရုပ်ပွားတော်ကို သွန်းထုခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ခါက ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ၁၂၃ခုနှစ် ရခိုင်တို့ဌာနေ ဓညဝတီပြည်ကြီးမှာ စန္ဒာသူရိယမင်း အုပ်ချုပ်စဉ် ဒက္ခိဏဒေသမှာ မြတ်စွာဘုရား ပွင့်တော်မူပါတယ်။ စန္ဒာသူရိယမင်းဟာ မြတ်စွာဘုရားပွင့်ကြောင်း ကြားသိရတဲ့အတွက် ဘုရားရှင်ကိုဖူးမျှော်လိုတဲ့ စိတ်ဆန္ဒတွေ ပြင်းပြစွာဖြစ်ပေါ် မိတဲ့အတွက် စိတ်တွင်းမှ အဓိဌာန်ဖြင့် မြတ်စွာဘုရားကို ပင့်ဖိတ်ပါတယ်။ ဘဝပေါင်းများစွာ ပါရမီအထုံပါခဲ့ဖူးတာကြောင့် မြတ်စွာဘုရားဟာ စန္ဒာသူရိယမင်းကြီးရဲ့ ပင့်ဖိတ်ချက်ကို သိတော်မူပြီး သာသနာအတွက် ချီးမြှင့်တော်မူရန် ရာဇဂြိုလ်ပြည်မှ ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ရဟန္တာ ၅၀၀နောက်တော်ပါးတို့နှင့် ကြွချီတော်မူလာပါတယ်။
Image Hosted by PicturePush - Photo Sharing
မြတ်စွာဘုရားရှင်နဲ့ ရဟန္တာ ငါးရာတို့ဟာ ကစ္ဆပနဒီမြစ်ကမ်းဘေး ယခု ကျောက်တော်မြို့ တစ်ဖက်ကမ်းက သေလာဂီရိကျောက်တော်တောင်ထိပ်မှာ ရပ်နားတော်မူပါတယ်။ ဘုရင် စန္ဒာသူရိယမင်းနဲ့ တိုင်းသူပြည်သားတို့ဟာ မြတ်စွာဘုရားကို ဖူးမျှော်ကြပြီး တရားဓမ္မများ နာယူခွင့်ရခဲ့ကြပါတယ်။ ဘုရင်စန္ဒာသူရိယ မင်းကြီးဟာ နန်းတော်တွင်းကိုလည်း ပင့်ဖိတ်တော်မူပြီး ဘုရားရှင်နဲ့ ရဟန္တာတို့ကို ဆွမ်းကြွေးပြီး တရားဓမ္မများကို နာယူခဲ့ရတာကြောင့် ဗုဒ္ဓတရားတော်ကို နှစ်နှစ်ကာကာ ယုံကြည်မိပြီး မြတ်စွာဘုရားကိုလည်း အတိုင်းမသိ ကြည်ညိုသဒ္ဓါစိတ် ယိုဖိတ်မိပါတယ်။ မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည်ကို ပြန်ကြွမှာကိုလည်း စိုးရိမ်စိတ်များဖြစ်ပေါ်လို့ နေပါတယ်။ ထို့ကြောင့်လည်း မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ဖို့ ရုပ်ပွားတော် သွန်းလုပ်ခွင့်ပြုဖို့ မြတ်စွာဘုရားထံခွင့်ပန်တဲ့အခါ သာသာနာတော် ရေရှည်တည်တံ့စေရန် ရည်ရွယ်ပြီး ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။
မဟာသက္ကရာဇ် ၁၂၃ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ စပြီး မြတ်စွာဘုရားကိုယ်ပွား ရုပ်ပွားတော်ကို ယခုကျောက်တော်တောင် (သီရိဂုတ်တောင်တော်) ပေါ်တွင် မင်းကြီးနှင့်အများပြည်သူ ကောင်းမှုတော်ဖြစ်သော ရတနာ ၆၅တင်းဖြင့် ကြိုချက်သွန်းလုပ်တော်မူပါတယ်။ သက္ကရာဇ် ၁၂၃ခု ကဆုန်လပြည့်ကျော် ၁ရက်၊ ကြာသပတေးနေ့ မနက်ခင်းမှာ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီးကို သွန်းလုပ်ပြီးစီးတော်မူခဲ့ပါတယ်။  ယခုဖူးမြင်ရတဲ့ မဟာမြတ်မုနိရုပ်ပွားတော်ဟာ
မဟာမုနိ ရုပ်ပွားတော်မှာ ဥာဏ်တော်အမြင့် ၄ပေ ၄လက်မအရွယ်ရှိပြီး ဦးခေါင်းတော်မှာ မကိုဋ်ဆောင်းထားပြီး လက်ဝဲဖက် လက်တော်သည် ရင်ခွင်ပေါ် ဖြန့်၍တင်ထားသည့် ထက်ဝယ်ဖွဲ့ ပုံတော်ဖြစ်ပါသည်။ လက်ယာဖက် လက်တော်သည် မဟာပထဝီမြေကြီးကို ထိကိုင်သက်သေပြုနေသည့်ဟန် မှောက်လျှက်ရှိသည့် ဘူမိဖဿ မုဒြာဖြစ်ပါတယ်။ ခြေတစ်ဖက်ကို အပေါ်တင်ပြီး အခြားတစ်ဖက်ကို အောက်လျှိုကာ ထိုင်နေတော်မူဟန်ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ရခိုင်မင်းတို့ ကိုးကွယ်ပြုပြင်ခဲ့ရာမှ အင်္ဂလိပ်ခေတ်မှာ ပျက်စီး ယိုယွင်းကုန်သဖြင့် ၁၈၆၇ခုနှစ်မှာ ရှမ်းပြည်မှ ဘုရားဖူးလာသည့် မောင်ရွှေမှုံ ဆိုသူက ပြန်လည် ပြုပြင်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ကြာသည့်အခါ စစ်တွေမြို့မှ ကျက်သရေဆောင် ရွှေစလွယ်ဆုရ ရခိုင်သူဌေးကြီး ဦးရဲကျော်သူနဲ့ ဇနီးဒေါ်သန္တာဖြူတို့မှ ပြုပြင်မွန်းမံ လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင်း မဟာမြတ်မုနိ ရင်ပြင်တော်နဲ့ ပတ်ဝန်းကျင်တို့ဟာ သာသာယာယာ တင့်တင့်တယ်တယ် ဖြစ်လာခဲ့ရပါတယ်။ သူဌေး ဦးရဲကျော်သူတို့ဟာလည်း သီရိပဝရ သကျမာရဇိန် ရုပ်ပွားတော်ကြီးကိုလည်း မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးရဲ့ဘေးမှာ စံပါယ်ဖို့ သွန်းလုပ်လှူဒါန်းခဲ့ပြီး အတုဝိစိတြဝေယံ တန်ဆောင်းတော်ကြီး ကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ မဟာမြတ်မုနိ ရုပ်ပွားတော် စံပါယ်ရန် ခမ်းနား ထည်ဝါလှစွာသော ဘုံအဆင့်ဆင့်ပါသည့် ကုဋီကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ပြန်ပါတယ်။
Image Hosted by PicturePush - Photo Sharing
မဟာမုနိ ရုပ်ပွားတော်နှင့် အရံရုပ်ပွားတော် နှစ်ဆူ 
မဟာမုနိရုပ်ပွားတော်ကြီးဟာ တန်ခိုးကြီးလှပြီး ကြည်ညိုသဒ္ဓါဖြင့် ဖူးမျှော်ကြသူ ပေါများလှပါတယ်။ စေတနာထက်ထက်သန်သန်ဖြင့် လှူဒါန်းထားကြတဲ့ ရတနာ ရွှေငွေတို့ဟာလည်း မဟာမြတ်မုနိရုပ်ပွားတော်ကြီးပေါ်မှာ သဒ္ဓါကြည်ဖြူ ထူးဆန်းအံ့ဖွယ် တင့်တယ်လှစွာ ရှိကြပါတယ်။ 
Image Hosted by PicturePush - Photo Sharing
မဟာမြတ်မုနိရုပ်ပွားတော်၏ မကိုဋ်တော်
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
မကိုဋ်တော်ပေါ်မှ အများပြည်သူ ကြည်ဖြူလှူဒါန်းထားသည့် ရတနာများကို သဒ္ဓါညွှတ်နူးစွာ ဖူးမြင်နိုင်ရန် အနီးကပ် ရိုက်လာခြင်းဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
မဟာမြတ်မုနိရုပ်ပွားတော်အား လှူဒါန်းထားသည့် ရွှေသားစစ်စစ် အသုံးအဆောင်တော်များ
ကလပ်ကြီး၊ ရွှေဖလားကြီး၊ ရွှေလင်ပန်း၊ ရွှေယပ်တောင်၊ ရွှေသပိတ်၊ ရွှေသပိတ်ဖုံး၊ ရွှေသပိတ်အခြေ၊ ရွှေတံပူ၊ ရွှေရေပန်းကရား၊ ရွှေပန်းကရားထည့်လင်ပန်း၊ ရွှေဖလားငယ် ၂ခု စသည် ၁၂မျိုးသော ရွှေထည်လှူဒါန်းမှုတို့မှာ စုစုပေါင်း ရွှေချိန် ၂ပိဿာနှင့် ၈၀ကျပ်သားရှိတယ်လို့ သိရပါတယ်။
Image Hosted by PicturePush - Photo Sharing
သူဌေး ဦးရဲကျော်သူနှင့်ဇနီး လှူဒါန်းခဲ့သော သီရိပဝရသကျမာရဇိန် ရုပ်ပွားတော်ကြီး
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ခမ်းနားလှသည့် ရွှေပိန်းချ တိုင်လုံးကြီးများနဲ့ မှန်စီပန်းကွက် မျက်နှာကျက်များ
Image Hosted by PicturePush - Photo Sharing
ရှေးခေတ်လက်ရာ ကျွန်းတံခါးကြီးများ
Image Hosted by PicturePush - Photo Sharing
တိုင်လုံးပေါ်မှ လက်ရာမြောက် ရုပ်ကြွများ
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ကုဋီအပြင်ဖက်တွင် ဝယ်ယူပူဇော်နိုင်သည့်ကြေးသွန်း ရုပ်ပွားတော်များ
Image Hosted by PicturePush - Photo Sharing
ရခိုင်လူမျိုးတို့၏ အထိမ်းအမှတ် အဆောင် ရုပ်ထုဖြစ်သော ဗျာလ် ခေါ် သတ္တဝါ ကိုးကောင်တို့၏ အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည့် နဝရူပံ ရုပ်ထု
Image Hosted by PicturePush - Photo Sharing
မဟာမုနိပြတိုက် 
Image Hosted by PicturePush - Photo Sharing
မဟာမုနိဘုရား ပရဝုဏ်အတွင်းမှာ ရေကန် ၁ခု အပြင်ဖက်မှာ ရေကန် တစ်ခု ရှိပါတယ်။ အတွင်းမှာ ရှိတာက  စန္ဒာသူရိယ ဘုရင်ကြီးကိုယ်တိုင် တူးဖော်ခဲ့တဲ့ ဦးတော်ဆေးကန်ဖြစ်ပြီး ရေမှာကြည်လင် သန့်စင်နေသည့်အတွက် မဟာမြတ်မုနိ ဦးခေါင်းတော်အား ဆေးကြော သည့် ရေကန် ဖြစ်ပါတယ်။  နောက် တစ်ခုမှ မြတ်စွာဘုရားရှင်၏ ခြေတော်အားထိုကန်မှ ရေဖြင့် ဆေးကြောခဲ့သည့်အတွက် ခြေတော်ဆေးကန်အမည်ရသော ရေကန် ဖြစ်ပါတယ်။ ၄င်းအပြင် ကြီးမားလှတဲ့ ညောင်ပင်ကြီး နှစ်ပင်ကိုတော့ သိကြားညောင်ပင်နဲ့ သားဆုပန် ညောင်ပင်လို့ ခေါ်ကြပါတယ်။
Image Hosted by PicturePush - Photo Sharing
သူဌေးဦးရဲကျော်သူ လှူဒါန်းသည့် ကြေးပိဿ ၃၄ဝဝ ရှိသော ခေါင်းလောင်းကြီး
Image Hosted by PicturePush - Photo Sharing
မဟာမြတ်မုနိ ကဗျည်းကျောက်စာတိုင်
မြောက်ဦးမြို့ဟာ ရှေးဟောင်း စေတီပုထိုးတွေ ပေါများလှပြီး လေ့လာစရာ ရှေးခေတ်လက်မှု အနုပညာများ၊ စိတ်ဝင်စားဖွယ် ဗိသုကာပညာ၊ ကြေးသွန်း အတတ်ပညာများ စသည်တို့ ပေါများလှတာကြောင့် လာရောက်ကြတဲ့ ဘုရားဖူးများနဲ့ နိုင်ငံခြားခရီးသွားများ များပြားလှပါတယ်။ မြောက်ဦးမြို့ကို သွားကြသူတိုင်း ပြည်တွင်းပြည်ပ ခရီးသွားအားလုံးတို့ဟာ ကျောက်တော်မြို့အနီးက မဟာမြတ်မုနိဘုရားကို မဖြစ်မနေ သွားရောက် ဖူးမျှော်လေ့ ရှိကြတာကြောင့် အလွန်စည်ကားလှပါတယ်။
သမိုင်းကြောင်း ရှည်လျားပြီး ကြည်ညိုဖွယ် မဟာမြတ်မုနိ သမိုင်းကြောင်းကို ရေးသားရာမှာ ပိုစ့်တစ်ပုဒ်တည်းနဲ့ အားလုံးပြည့်စုံအောင် ဖော်ပြဖို့ မဖြစ်နိုင်တာကြောင့် အတိုချုပ်ပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အချက်အလက်များ လိုအပ်ခြင်း၊ ဖော်ပြရန် ကျန်ရှိခြင်း၊ မှားယွင်းခြင်းတို့ ရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် ပန်ကြားချင်ပါတယ်။ အကိုးအကားအဖြစ် မျှားအောင်ရဲ့ သမိုင်းထဲမှာ မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်၊ သိန်းထွန်းအောင် (ရှေးဟောင်းသုတေသန)၏ ရခိုင် မဟာမြတ်မုနိ ဘုရားသမိုင်းနှင့် သိမှတ်ဖွယ်ရာများ စာအုပ်တို့မှ ကောက်နှုတ်ကိုးကားထားပါတယ် ၊၊
Image Hosted by PicturePush - Photo Sharing